ကစွန်းခင်းနဲ့ လွမ်းဟင်း

အမေရိကန်တမာရွက် အခုရတဲ့ လက်ဆောင်။
တိုင်ထောင်ပဲ ခေါ် ပဲတောင့်ရှည် ခေါ် ညောင်ကန်အခေါ် နတ်တော်ပဲသီး နေ့လည်ကဝယ်လာ၊ မြင်းခွါရွက်၊ ရေကစွန်းရွက်နဲ့ ဗမာပင်စိမ်းလည်းပါ။
ဘရိတ်ဖတ်စ်မှာတော့ ပိန်းဥပြုတ်။
ဥပုသ်ရလို့ သက်သတ်လွတ်စားတတာတော့ မဟုတ်။
နေ့လည်မှာ ရခိုင်ကပို့တဲ့ ငါးခြောက်ထုပ်။
လုပ်အားပေးဆရာလုပ်စဉ်က ကျောင်းသူတယောက်ပို့တဲ့ ကြက်ဟင်းခါးသီးခြောက်ကို ပုစွန်ခြောက်နဲ့ကြော်။
ဟင်းကောင်းစားရသော် အညာကိုအမှတ်ရ၊ လက်ဆောင်ပေးကြသူတွေကို သတိရ၊ မြန်မာပြည်ကိုလွမ်းရ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး