သမတ သတ်ပုံ


အရင်ကလည်း မေးကြလို့ ရေးထားပါတယ်။ ထပ်တင်တာဖြစ်လို့ မေးခွန်းတွေ မထည့်တော့ပါ။

သမတလို့ရေးတာ မှန်ပါတယ်။ ၄-၁-၁၉၄၈ နေ့ တိုင်းပြည်လွတ်လပ်ရေးရကတည်းက သမတလို့သာ ရေးခဲ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာလည်း သမတလို့သာရေးပါတယ်။ တဦးကနေပို့ပေးတဲ့ပုံမှာ ပါလီမန်ခေတ်က နောက်ဆုံးသမတကြီး ဦးဝင်းမောင်ရဲ့ ဖိတ်စာကိုလည်း ကြည့်ပါ။

ဗခက နေဝင်းခေတ် ၁၉၈၁ လောက်ကစပြီး သတ်ပုံတချို့ပြောင်းလာတယ်။ တကို တစ်လုပ်တယ်။ သမတကို သမ္မတ လုပ်တယ်။ သမတမှာ မနှစ်လုံးဆင့်တာ ဘာကြောင့်ဆိုတာ ဓါတ်ပုံသတင်းသာကြည့်ကြပါ။ ဦးသိန်းစိန် စာတခုမှာ သမတလို့သာ လက်ရေးနဲ့ ရေးတဲ့ဓါတ်ပုံလည်းရှိတယ်။

ပါဠိတွေနဲ့ လာမရှင်းပါနဲ့။ မြန်မာ့စွယ်စုံကျမ်းပြုပညာရှင်တွေလည်း ပါဠိတတ်ကြပါတယ်။ ကျွန်တော့်လက်ထဲမှာရှိတဲ့ ပါဠိ-မြန်မာအဘိဓာန် ၂ အုပ်ထဲမှာတော့ သမတရော သမ္မတရော မပါပါ။ နှစ်ခုလုံး သုံးနေကြတယ်။ ဟိုဟာကမှားတယ်လို့ မပြောသင့်ပါ။ ကျွန်တော့်ကတော့ ကိုယ့်ကိုမြန်မာစာသင်ပေးခဲတဲ့ ဆရာဆရာမတွေကို ကာမပြန်ပါ။

သမတလည်း မှန်တယ်။ သမ္မတလည်း မမှားပါ။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၈




Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး