Friendship Day ကနေ့ဘာနေ့လဲ

ဒီနေ့က ကမ္ဘာ့မိတ်ဆွေများနေ့လားဆရာ

အဲလို ရွှေပေလွှာတွေ၊ ကျိန်စာတွေ၊ အရေမရအဖတ်မရစာတွေ လျှောက်ပို့နေသူတွေက ကိုယ်ပို့တဲ့စာကို သေချာမဖတ်ကြတာ သတိထားမိတယ်။ ဖေ့စ်ဘွတ် ဆယ်နှစ်ပတ်လည်ဆိုတဲ့စာကို အခုထိလျှောက်ပို့နေကြတယ်။ ဖေ့စ်ဘွတ်က ၄-၂-၂ဝဝ၄ နေ့စတာဖြစ်လို့ ၁၃ နှစ်ပတ်လည်တောင်ကျော်နေပြီ။

Friendship Day မိတ်ဆွေဖြစ်နေ့ဆိုတာ သြဂုတ်လ (၆) ရက်နေ့သာဖြစ်တယ်။ အဲတာလည်း နိုင်ငံတိုင်းမှာမလုပ်ပါ။ International Friendship Day နိုင်ငံတကာမိတ်ဆွေများနေ့ကိုတော့ ၁၉၅၈ ကစလုပ်ကြတာရှိတယ်။ စတာကလည်း အမှတ်တရကပ်ပြားရောင်းတဲ့စီးပွါးရေးလုပ်ငန်းကနေဖြစ်တယ်။

World Friendship Day ကမ္ဘာ့မိတ်ဆွေဖြစ်နေ့ကို ၁၉၅၈ ဇူလိုင်လာ (၃ဝ) ရက်မှာစခဲ့တယ်။ ၂၇-၄-၂ဝ၁၁ နေ့မှာတော့ ကမ္ဘာ့ကုလသမဂ္ဂကနေ သတ်မှတ်ပေးလာတယ်။ ဇူလိုင် (၃ဝ) ရက်ဖြစ်တယ်။

ကနေ့ဘာနေ့လဲ။ အဲလို အရေအဖတ်မရတာတွေ လိုက်ပို့နေသူတွေအတွက်တော့ မိတ်ဆွေပျက်ချင်သူများနေ့။ No Smile!

ဒေါက်တာတင့်ဆွေ
၂၃-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး