GP ဆေးကုခွင့်

• ဆရာ ဒီသတင်းတွေ ခုရက်ပိုင်း ပွက်လောရိုက်နေတယ်။ ဆရာ့ရဲ့ထင်မြင်ချက်လေး ပြောပေးပါအုံး။

• ဘာသတင်းလဲ မသိပါ။ ဆောရီး။

• စာရေးဆရာလင်း (ဆေး၁) ရေးထားတဲ့ မုတ်သုန်၏ထုတ်ကုန်ပါဆရာ။

• ဆရာက ကိုယ်တိုင်မသိလို့ မရေးအပ်ပါ။

• PHS 1 2/LHV/AMW/MW/CHW တွေက အမှန်တကယ် ဆေးကုသခွင့်မရှိဘူးလားဆရာ။ အခုဖြစ်နေတာက မြန်မာနိုင်ငံဆရာဝန်များအသင်း စာရေးဆရာလင်း(ဆေး၁)က  PHS 12/LHV/MW တွေကို ဆေးကုသခွင့် မရှိဘူးလို့ရေးထားတာပါ။ BHS အခြေခံဝန်ထမ်းတွေက စာရေးဆရာလင်း(ဆေး၁) ကို ဒီလိုရေးရမှာလား သူတို့တွေလည်း သူတို့နားလည်မှုလေးတွေနဲ့ သင်တန်းတွေတက်ပြီး ဆေးကုပေးနေကြတာ ရမ်းကုနေတာ မဟုတ်ကြောင်း ဖတ်မိလို့ပါဆရာ။ ဆရာ့ဆီက Comment လေး လိုချင်လို့ပါ။ အဲ့ဒီသတင်းကမြန်မာနိုင်ငံမှာတော့ ပွက်လောရိုက်နေတယ်ဆရာ BHS တွေက လင်း(ဆေး၁) ကို အတော်မကျေနပ်ဖြစ်နေကြတယ်ဆရာ။ ဆရာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်အအနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါဆရာ။

• ဆောရီး။ သေချာ မသိသေးပါ။ ဆေးကုသခွင့်ဆိုတာ ဘာလဲ။ သိသလောက် အလုပ်ချိန်ပြင်ပမှာ ကိုယ်ပိုင် ဆေးခန်းအတွက် မှတ်ပုံတင်ရတယ်။ ဆမ ရှိရတယ်။ စာရွက်ပေါ်မှာရှိတိုင်း မလုပ်နိုင်တာ၊ မလုပ်ကြတာတွေ ရှိသလို ညွှန်ကြားချက်မပြောနဲ့ ဥပဒေမှာ မပါတာလုပ်လို့လည်း အရေးမယူတာရှိတယ်။ တရားဝင်ပေမယ့် အဖမ်းခံရတာလည်းရှိတယ်။ ကျွန်နော် အခုနေ မြန်မာပြည်မှာ ဆေးကုသခွင့် မရှိပါ။ ဆမ မတိုးရတာ ၁၉၉ဝ ကတည်းက။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး