How much to reveal ဘယ်အထိဖေါ်မလဲ

ကျွန်တော့်ပို့စ်တခု One-Sided Arguments မဟာအမှားကြီးကိုတင်တော့ ကွန်မင့်အများဆုံးရေးလာကြတယ်။ ကျေးဇူးတင်ပါတယ်။ ရှင်းလင်းချက်လေးတော့ ရေးဘို့လိုတယ်ထင်လို့ ခပ်တိုတိုရေးပါရစေ။

သူများနိုင်ငံတွေမှာ ကိုယ့်တိုင်းပြည်အကြောင်းသွားပြောတာတွေ၊ မီဒီယာမှာ အင်္ဂလိပ်လိုဖြေတာတွေ၊ အင်္ဂလိပ်လို ဆောင်းပါးတွေကို ယေဘုယျခြုံကြည့်ပြီး သဘောမတွေ့တာကို စိတ်တိုမိတယ်။ ကျွန်တော်လည်း အဲလိုအလုပ်တွေ နှစ်ပေါင်းမနည်းမနောလုပ်ခဲ့သူဖြစ်လို့ ကောက်ချက်ချတာက ခပ်ပေါ့ပေါ့တော့ မဟုတ်ပါ။ စစ်အစိုးရတွေလက်ထက်မှာ အစ်ရှူးတိုင်းကို အချက်နဲ့အလက်နဲ့ ထောက်ပြခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကိုတော့ မထိပါးစေရပါ။

အခုအစိုးရသစ်အကြောင်းပြောကြသူတွေ ဒေါ်စုကို ဖူးဖူးမှုတ်ဘို့မလိုပါ။ ပျက်နေ လွဲနေ မှားနေတာတွေက အနမတဂ္ဂ များလှတာကိုတော့ မသိချင်ယောင်မဆောင်သင့်ကြပါ။ ဥပမာပေးမယ်။ နာတာရှည် ကျိုးပဲ့ရွဲ့နေတဲ့လူနာတယောက် အထူးကုဆေးရုံကြီးရောက်တာနဲ့ ဗြုံးစားကြီးမကောင်းလို့ အထူးကုဆရာဝန်တွေကို အပြစ်အမြင်သင့်သလိုပေါ့။

မြန်မာပြည်နိုင်ငံရေးကိုသုံးသပ်တာ ပညာရှင်၊ ပညာတတ်တွေအတော်များများနဲ့ ကျွန်တော်က သဘောမတူခဲ့ပါ။ သူတို့က အများအားဖြင့် သီအိုရီတွေ၊ လေ့လာဆန်းစစ်မှုတွေကိုးကားပြီး ကိုယ်ပိုင်ကောက်ချက်ဆွဲကြတယ်။ စနစ်ကျပါတယ်။ ဒါပေမယ့် ကျွန်တော်က နိုင်ငံရေးလို ပိုကြည့်တယ်။ အချက်အလက်လည်း မလွတ်စေရပါ။ မှန်းဆပြောရတာချင်းအတူတူ ခံရသူတွေဖက်က နေချင်တယ်။ ဖြစ်မလာလောက်တာကိုလည်း အများပြည်သူ အားပျက်မှာဆို ကိုယ်ကစ မပြောပဲ၊ မေးလာမှသာ ပြောချင်တယ်။

တိုင်းတပါးသားတွေရှေ့ ကိုယ်ပေါင်ကိုလှန်ထောင်းကြတာမှာ ပေါင်ရင်းအထိ မရောက်သင့်ကြပါခင်ဗျား။ (ကန်တော့ပါ။)

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆
၂၈-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး