The navel ဘယ်သူ့ချက်လဲ

မင်္ဂလာပါဆရာ သမီးနာမည်က့ ပါ။ အသက်က ၃၃နှစ်ပါ။ အိမ်ထောင်နဲ့ ကလေး ၁ ယောက်ရှိပါတယ်ရှင့်။ တားတွေမသုံးပါ။ ရာသီမှန်ပါတယ်ရှင့်။ သမီးရဲ့ချက်က စိုပြီး တရှူးလေးနဲ့ နှိုက်ကြည့်လိုက်ရင် အဝါရောင်လို အနှစ်ကလေးတွေ ထွက်နေပါတယ်။ အနံ့အရမ်းဆိုးပါတယ်။ အမြဲတမ်းတော့မဟုတ်ပါဘူး။ ဖြစ်နေတာ ၅ လ လောက်တော့ ရှိမယ်ထင်ပါတယ်။ တလမှာ ၂ ခါလောက်ဖြစ်တတ်ပါတယ်ဆရာ။ သတိထားမိသလောက် ရာသီလာခါနီးဆို တကြိမ်ဖြစ်တတ်ပါတယ်။ သားအိမ်မှာပြသာနာများရှိနေနိုင်မလား စိုးရိမ်မိပါတယ်ဆရာ။ ဆရာ့ရဲ့အကြံပေးမှုကို စောင့်မျှော်နေပါ့မယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

Umbilical cord care ကလေးချက် စောင့်ရှောက်နည်းစာပို့လိုက်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ အခုက ကလေးဖြစ်နေတာမဟုတ်ပါဘူးရှင့်။ လူကြီးဖြစ်နေလို့ပါ။ ကျေးဇူးပါဆရာ။

ဆောရီး။ အဲတာကြောင့် ကိုယ့်ကိုယ်ကို သမီးလို့ရေးတာတိုင်း နားလည်ရအတော်ခက်တယ်လို့ခဏခဏ (ခဏခဏ) ပြောတာပါ။ သမီးလို့ရေးရင် လန့်နေရပြီ။ သားလည်းမထူးဘူး။

လူကြီးချက်ကို စာထဲမှာပါသလို သန့်ရှင်းရေးနဲ့ ပိုးသေဆေးသုံးနိုင်ပါတယ်။ ရာသီနဲ့ဆက်စပ်တယ်ထင်ရင် အိုဂျီပြပါ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၆
၂၄-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး