Two Chapters ချပ်ပတာ နှစ်ခု

- ၉ဝ အကုန် တသက်မှာတခါသာကြုံရတဲ့ ဘဝသင်္ခန်းစာ၊ ချပ်ပတာနှစ်ခု၊
- တခုမှာ ငါနိုင်သတဲ့၊ နောက်ခုမှာ ငါနိုင်ငံတော်ကို အန်တုသတဲ့၊
- ငါ သူတို့ကိုမနိုင်၊ လူထုကိုလည်း သူတို့ကနိုင်၊
- နိုင်ငံရပ်ခြား ငါထွက်သွား၊ ကြာသလားမမေးနဲ့၊
- ငါပြေးနေရတဲ့အချိန်မှာ သူတို့ချည်းသာ၊
- ငါ ဒီနေရာအခြေချမှ သူတို့ကံကြမ္မာက အလှည့်အပြောင်းလာ၊
- ၉ဝ သာမရှိရင် ၂ဝဝ၈ မရှိ၊ ၂ဝ၁ဝ-၁၂ မရှိ၊ ၂ဝ၁၅ မရှိပါ၊
- ငါလည်း အိန္ဒိယားမသိ၊ အမေရီးကားမသိ၊
- အမေရီးကားကလည်း ဗားမားကိုမသိ၊
- ချပ်ပတာနှစ်ခု ပြီးဆုံးသွားပြီဖြစ်တော့၏။

(၁၉၈၈ ပြီးရင် ဒုတိယအရေးပါတဲ့ ၁၉၉ဝ ကလုပ်ဖေါ်ကိုက်ဖက်များအား ဂုဏ်ပြုလျက်)

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၆
၂၇-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး