Vulvovaginitis အမျိုးသမီးအင်္ဂါရောင်ခြင်း

(ကန်တော့ပါ)

ဆရာရှင့် ကျွန်မက ၂၆ နှစ်အရွယ်၊ ကလေး ၁ ယောက်အမေပါ။ သမီးလေးက ၂ နှစ်ရှိပါပြီ။ မွေးပြီးကတည်းကဝလို့ အခု ပေါင် ၁၅ဝ ရှိပါတယ်။ မရိုမသေစကား မိန်းမကိုယ်ကအနံ့နံလွန်းလို့ပါ။ ဆပ်ပြာမျိုးစုံလည်းသုံးဖူးပါတယ်။ ကလေးမွေးပြီးမှ နံတာပါ။ ဘယ်လိုလုပ်ရမလဲ ဘာဆေးသုံးရမလဲဆိုတာ ပြောပေးပါအုံးဆရာ။

အင်္ဂလိပ်စာလုံးတွေကို ကျောလွှားဖတ်နိုင်ပါတယ်။ အမျိုးသမီးအင်္ဂါရောင်တာကို တိတိကျကျပြောရရင် Vulvovaginitis ဗဂျိုင်းနားနဲ့ မိန်းမကိုယ်ရောင်တာဖြစ်တယ်။

သိသာတဲ့ ရောဂါလက္ခဏာတွေကတော့ -
1. Vulvar itching မိန်းမကိုယ်ယားယံခြင်း၊
2. Vaginal discharge ဗဂျိုင်းနားက တခုခုဆင်းခြင်း နဲ့
3. Vaginal odor ဗဂျိုင်းနားက အနံ့ထွက်ခြင်းတွေဖြစ်တယ်။

ရက်တို မိန်းမကိုယ် နဲ့ ဗဂျိုင်းနား ရောင်ခြင်းကို ဖြစ်စေတာတွေကတော့ -
- Infections ရောဂါပိုးဝင်တာ၊
- Irritant or allergic contact မသင့်တာ၊ မတည့်တာနဲ့ ထိတွေ့မိတာ နဲ့
- Atrophic vaginitis အသက်ကြီးလာလို့ ဖြစ်ရတဲ့ မွေးလမ်းကြောင်း ပါးလာတဲ့ ဇရာဖြစ်စဉ်တွေ ဖြစ်တယ်။

Infections ရောဂါပိုးဝင်တာ အများဆုံး (၃) မျိုးကနေဖြစ်စေတယ်။
1. Bacterial vaginosis ဗဂျိုင်းနားရောင်ခြင်းဆိုတာ ဗဂျိုင်းနားမှာ ရှိနေကြပိုးတွေ အခြေအနေပြောင်းသွားလို့ဖြစ်ရတဲ့ Gardnerella vaginalis ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်၊

2. Candida albicans ကင်ဒီဒါ အယ်လ်ဘီကန်ပိုးကနေဖြစ်စေတဲ့ Candidiasis ကင်ဒီဒိုင်ယေးဆစ်နဲ့

3. Trichomonas vaginalis ထွိုင်ကိုမိုးနပ်စ် ဗဂျိုင်နယ်လစ်ကနေဖြစ်စေတဲ့ Trichomoniasis ထွိုင်ကို မိုနီယေးဆစ် တွေ ဖြစ်တယ်။

Infectious vulvovaginitis ရောဂါပိုးကြောင့် ဗဂျိုင်းနားရောင်တာမျိုးက လိင်မှုရေးရာ တက်ကြွမှုရှိတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပြီး Candidiasis ကင်ဒီဒိုင်ယေးဆစ်၊ မတည့်တာနဲ့ ထိတွေ့လို ဖြစ်တဲ့ Contact vaginitis ကွန်တက် ဗဂျိုင်နိုက်တစ်နဲ့ အသက်ကြီးမှဖြစ်တဲ့ Atrophic vaginitis အထောဖစ် ဗဂျိုင်နိုက်တစ်တွေကတော့ လိင်နဲ့မဆိုင်ပဲဖြစ်တယ်။

သားဖွါးမီးယပ်နဲ့ဆိုင်တဲ့၊ လိင်နဲ့ဆိုင်တဲ့ ရောဂါရာဇဝင် အားလုံးမေးရမယ်။ သန့်ရှင်းလုပ်ရာမှာ ဆပ်ပြာ၊ ဆေးရည် စတာမှာ ဘာတွေသုံးသလဲ မေးရမယ်။ လိုတာထက်ပိုသုံးသူတွေမှာ အဲလိုဖြစ်တတ်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါရှိပြီး အသေအခြာကုသရဲ့လားမေးမယ်။ ဆက်ဆံရာမှာ အကာအကွယ် ပါ-မပါလဲ မေးရမယ်။ မွေးလမ်းကြောင်း စစ်ဆေးတာ လုပ်ရမယ်။ ဆင်းတာ၊ အနံ့၊ အနာ၊ သားအိမ်ဝပုံမှန်မဟုတ်ခြင်း၊ သားအိမ်ဝက တခုခုဆင်းခြင်း၊ သားအိမ်ဝကို ထိ-ဖိရင် နာသလား။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်တာလဲလုပ်ရမယ်။ ဆင်းနေတာကို ဓါတ်ခွဲခမ်းမှာ စစ်ဆေးမယ်၊ တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာကို သံသယရှိရင် ထွက်ထွက်ခြင်းခံထားတဲ့ ဆီးထဲမှာ ဂနိုရီးယားနဲ့ ကာလ်မိဒီးယားပိုးတွေကို စစ်ရမယ်။
သားအိမ်ဝနမူနာယူပြီး ပိုးတွေကို စစ်နိုင်တယ်။  ထွက်ထွက်ခြင်းခံထားတဲ့ ဆီးမဟုတ်ဘဲ ဆီးသွားနေစဉ် အလည်ပိုင်းမှာ ခံယူတဲ့ဆီးမှာ ပိုး ရှိ-မရှိ စစ်နိုင်တယ်။

ဘယ်လိုကုသမလဲ -
1. Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်းနားရောင်ခြင်း
ပဌမဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Metronidazole gel 0.75% မွေးလမ်းကြောင်းထဲ တညတခါ၊ ၅ ရက်ထည့်ပါ။
• Clindamycin cream 2% မွေးလမ်းကြောင်းထဲ တညတခါ၊ ၇ ရက်ထည့်ပါ။

ဒုတိယဦးစားပေးဆေး
• Clindamycin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Clindamycin ovules 100 mg တည တကြိမ် ၃ ခါ သွေးပြန်ကြောထဲထိုးပါ။

2. Candidiasis (ကင်ဒီဒိုင်ယေးဆစ်)
• Fluconazole 150-mg တခါတည်းသောက်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Clotrimazole 1% cream မွေးလမ်းကြောင်းထဲ ၇-၁၄ ရက်ထည့်ပါ။
• Miconazole 2% cream မွေးလမ်းကြောင်းထဲ ၇ ရက်ထည့်ပါ။
• Miconazole 200 mg vaginal suppository မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Miconazole 1200 mg vaginal suppository မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Nystatin 100,000 unit vaginal tablet မွေးလမ်းကြောင်းထဲ ၁၄ ရက်ထည့်ပါ။
• Tioconazole 6.5% ointment မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။

3. Genital herpes လိင်လမ်းရေယုံ
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
• Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• Famciclovir 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
• Valacyclovir 1 g တနေ့ ၁ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။

4. Pelvic inflammatory disease တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း
ပဌမဦးစားပေးဆေး
• Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
• Ofloxacin 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။

ဒုတိယဦးစားပေးဆေး
• Ceftriaxone 250 mg IM တခါတည်းထိုးပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• Cefoxitin 2 g IM တခါတည်းထိုးပါ + Probenecid 1 g တခါတည်းသောက်ပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။

5. Trichomoniasis (ထွိုင်ကို မိုနီယေးဆစ်)
ပဌမဦးစားပေးဆေး
• Metronidazole 2 g တခါတည်းသောက်ပါ။
• Tinidazole 2 g တခါတည်းသောက်ပါ။

ဒုတိယဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။

အမျိုးသမီးတိုင်းကို Pap smear လုပ်ဘို့ တိုက်တွန်းရမယ်။ ၂၁ နှစ်ကနေ ၃ဝ အထိရှိသူတွေ တနှစ်တခါ၊ အသက် ၃ဝ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ Pap Test နဲ့ HPV Test တွေက ကောင်းနေရင် ၅ နှစ်တခါ စစ်ပါ။

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေးကိုလည်းဖတ်ပြီးလိုက်နာပါ။

Dr. တင့်ဆွေ
၂၇-၅-၂ဝ၁၅
၂၇-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး