Wooden Sling Shot ဘတ်ခွ

ဘတ်ခွကို ဘတ်ဂွလို့ စကားနဲ့ခေါ်တယ်။ ဘတ်ခွဆိုတာ နှစ်ခွရှိတဲ့အရာရဲ့ အဖျားစွန်းမှာ သားရေပင်ကြိုးတပ်ထားတယ်။ သားရေပင်တဖက်ဖျားမှာ လောက်စာအိမ်နေရာ ပါတယ်။ နှစ်ခွရှိတဲ့အရာဆိုတာ သစ်ကိုင်းအနေတော်ဖြစ်ဖြစ်၊ သစ်သားကို အကျေအန ဖြတ်၊ ထစ်၊ ချောပြီးဖြစ်ဖြစ်၊ တိရစ္ဆာန်တမျိုးရဲ့ချိုကိုဖြစ်ဖြစ် သုံးတယ်။ Handheld Slingshot လို့လည်း ခေါ်တယ်။

သားရေပင်ကို သားရေဖတ်လည်းရေးရလို့ သားရေဖတ်ခွ၊ ဖတ်ခွ၊ ဖတ်ဂွ၊ ဘတ်ဂွဖြစ်လာတယ်လို့ ယူဆပါတယ်။ တောသားတွေက စကားကို လေးလေးပင်ပင်ပြောကြတယ်။

Bow and Arrow လေးနဲ့မြားဆိုတာမှာ ကြိုးတချောင်းတည်းသာပါတယ်။ မြန်မာတွေသုံးတဲ့ လောက်လေးခွကတမျိုး။ လောက်လေးခွမှာ မြားနဲ့ပစ်ရတဲ့ လေးကိုင်းမှာ ကြိုး ၂ ချောင်းတပ်ထားပြီး အလယ်မှာ လောက်စာလုံးထည့်စရာ လောက်စာအိမ်ပါတယ်။

ဒူးလေးဆိုတာ မုဆိုးတွေသုံးတယ်။ ရှေးကတည်းက ဥရောပမှာလည်းရှိတယ်။ ဝီလီယန်တဲလ် သူ့သားခေါင်းပေါ်က ပန်းသီးကို ဒူးလေးနဲ့ ပစ်တယ်။ ဝီလီယန်တဲလ် အမေရိကန်ဗာရှင်းမှာ ရိုးရိုးလေးနဲ့မြားလို့ ပုံဖေါ်ထားတယ်။ ရမ်ဘို ဇာတ်ကားမှာတော့ RamboBows ခေတ်ပေါ်ဒူးလေးဖြစ်လာတယ်။

ဂျင်ကလိဆိုတာ မြန်မာပြည်မှာ ၁၉၈၈ မှာပေါ်လာတယ်။ ဘတ်ဂွသုံးပြီး သံချွန်ကိုပစ်တယ်။

Catapult လောက်လွှဲဆိုတာ ရှေးခေတ်က ဥရောပစစ်ပွဲတွေမှာသုံးတယ်။ အကြီးစားတွေဆိုရင် ခဲ၊ ကျောက်တုံး၊ မီးဗုံး၊ ဆီပူ စတာတွေကို မြို့ရိုးကြီးတွေပေါ်ကျော်ပြီး ပစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး