ဆန်း စမ်း စိုး ဆိုး

ဆရာရှင့် ကျွန်မအသက် ၅၁ပါ။ ရာသီလမမှန်တော့ပါဘူး။့ ဆီးစပ်ကခဏခဏကိုက်လိုက်ပျောက်သွားလိုက်နဲ့ ဗိုက်ထဲကလည်း နာလိုက်ပျောက်သွားလိုက်နဲ့ ထူးစမ်းနေပါတယ်။့

ထူးဆန်းလို့ ရေးရတယ်။ သားအိမ်နေရာ အာလ်ထွာဆောင်းရိုက်ဖူးပါသလား။

အာလ်ထွာဆောင်ရိုက်ဘူးပါတယ်ဆရာ။ ဘာမှမဖြစ်ဘူးဆရာ။ ကျွန်မခလေးယူရင် ခလေးအတွက်ဖွံဖြိုးမူ့တွေလိုအပ်မှာ အရမ်းဆိုရိမ်လို့ပါဆရာ။

ကလေးလို့ ရေးရတယ်။ စိုးရိမ်လို့ ရေးရတယ်။

ဆန်း
ဆန်းစစ်
ဆန်းကြယ်
ဆန်းပြား
ဆန်းအလင်္ကာ
ဖြစ်ကတတ်ဆန်း
လဆန်း

စမ်း
စုံစမ်းသည်
စမ်းစလုတ်
စမ်းတဝါးဝါး
စမ်းတိစမ်းတမ်း
စမ်းသပ်
စမ်းချောင်း
စိမ့်စမ်းရေ
လက်နှင့်စမ်းသည်
လာစမ်းပါ

စိုး
စိုးစံသည်
စိုးစဉ်းမျှမသိ
စိုးပိုင်သည်
စိုးမိုးသည်
စိုးရိမ်ကြောင့်ကြနေကြရသည်
စိုးစဉ်းမျှမသိ
စိုးရွံ့
စိုးရိမ်စိတ်
စိုးအုပ်
ကြီးစိုးသည်
အစိုးရ
အုပ်စိုးသူ
ညီမလေးရယ် စိုးရိမ်မိတယ်
ရောဂါဆိုးမှာ စိုးရိမ်သည်

ဆိုး
စိတ်ဆိုးနေသည်
ဆိုးဆိုးသွမ်းသော
ဆိုးတူကောင်းဖက် လက်တွဲနေထိုင်ပါ
ဆိုးမျိုးခံခဲရတာ နှစ်ငါးဆယ်ရှိပြီ
ဆိုးယုတ်သော အာဏာရှင်စနစ်ကလွတ်မြောက်ပါစေ
ဆိုးလွန်းတဲ့အစိုးရလက်အောက်မှာ လူတွေ အစိုးမရဖြစ်ကြရမည်
ဆိုးဝါးသောရာသီဥတု
ဆိုးခနဲဆတ်ခနဲ
ဆိုးဆိုးဆတ်ဆတ်
ဆိုးတူကောင်းဖက်
ဆိုးမျိုးခံ
ဆိုးရည် (သင်္ကန်း)
ဆိုးရွား (ဆိုးဝါး)
ဆိုးရွားသော အခြေအနေက လွန်မြောက်ပါစေ
ဆိုးသွမ်းလူငယ် တွေမဖြစ်ပါစေနဲ့
တန်ဆိုးလက်ဆောင် (ယခင်သတ်ပုံ) တံစိုးလက်ဆောင် (နောက်ပေါ်သတ်ပုံ)
ဆေးဆိုးသည်

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး