ကျွန့်စာဖတ်၍

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ၊ တပိုဒ်တလေ
တွေ့ငြားပေမူ၊ စာပေကျေးကျွန်
ငါဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူပေါ်
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ
မလုပ်ပါတည်း။ (တက္ကသိုလ်ဘုန်းနိုင်)

ကျွန့်စာဖတ်၍၊
သတ်ပုံသိမြင်၊ ရောဂါစင်လျက်၊
ကြည်လင် စိတ်ဖြူ၊ စိတ်မြူ ပယ်ရှား၊
ဝါကြွား ကင်းပ၊ ကိုယ်စိတ်လှ၍၊
ချမ်းသာကြပါစေသောဝ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂၀၁၇
ည (မနက်) ဝဝ နာရီ၊ ၅၄ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး