နီးစပ်

၁။ ကျမသမီးလေး အသက် ၁၂နှစ်ပါ။ ပါးစောင်မှာ အနာဖြစ်ပြီး ပါးရောင်နေပါတယ်။ အနီးဆက်ဆုံး သွားဆေးခန်းပြရင် သူနဲ့အဆင်ပြေမလားရှင့်။ အနီးစပ်ဆုံးလို့ ရေးရမယ်။

၂။ စကားမစပ်နဲ့ စကားမဆက် ဘယ်ဟာအမှန်လည်းဆရာ။ စကားမစပ်လို့ ရေးရတယ်။

စပ်
ခံတွင်းပါးစပ်
စကားမစပ်
စပ်ကူးမပ်ကူးကာလ အထာမကျ
စပ်ကျိန်းနေသလား
စပ်စပ်စုစုလုပ်တဲ့သူ
စပ်စပ်ဖာဖာ
စပ်ဆိုင်သည်
စပ်ထဘီ
စပ်ဖျဉ်းဖျဉ်းမနေဘူးလား
စပ်ကြားမှာ အနာဖြစ်
စပ်ဖြဲဖြဲမလုပ်ပါနဲ့
စပ်ယှဉ်
စပ်ရှိန်းပူရှိန်း ခံစားရတယ်
စပ်လျဉ်း၍
စပ်သီး (ငရုပ်သီး)
စပ်ဟပ်ပြီးပြောမယ်
စပ်ကြောင်းမှာ စုပ်ပြဲနေသည်
ဆက်စပ်စဉ်းစားပါ
ဒလစပ်
နီးစပ်
ပိုးစပ်ကောင်
ပူစပ်ပူလောင်ခံစားရတယ်
ဖိုမစပ်ယှက်ဖြင့် သန္ဓေတည်လာသည်
မျက်ခမ်းစပ်ရောဂါ
ရွာနီးချုပ်စပ်
ဟိုစပ်စပ် သည်စပ်စပ်
အငန်အစပ်ကြိုက်တယ်
အသားနီစပ်စပ်နဲ့လူ
စေ့စပ်သည်
ရောစပ်ထားသည်
ရွှေတစပ် မျိုးတစပ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး