Censorship is necessary အရမ်းကာရော

မနေ့ကပဲ မိုးကုတ်ဆရာတော်ကြီးဟောကြားတဲ့တရားကို တစ်သတ်ပုံနဲ့ရေးတာမှားကြောင်း ၁၉၆၂ ခုနှစ်ထုတ် ဆရာတော် တရားစာအုပ်မှာ တယောက်လို့သာရေးတယ်၊ တစ်ယောက်မဟုတ်ပါလို့ထောက်ပြခဲ့ပါတယ်။

ပဋာစာရီကို ဘုရား ဘာတရားဟောခဲ့တာလဲဆိုတဲ့ပို့စ်က သရုပ်ဖေါ်ပုံမှာ ကိုယ်အပေါ်ပိုင်းအဝတ်အစားမပါပဲ။ တကယ့် အဖြစ်အပျက်က ဒိထက်ဆိုးချင်ဆိုးမယ်။ အများမြင်သိစေလို့ ရေးဆွဲတဲ့ပုံမှာတော့ မတင့်တယ်ပါ။

ဘုရားပုံတော်တွေ ထုဆစ်ရာ၊ ရေးဆွဲတာမှာလည်း အချိုးအစားမကျတာတွေ၊ ကြည်ညိုဘွယ်မဖြစ်တာတွေ၊ မွမ်းမံခြယ်သရာမှာ အဆီအငေါ်မတည့်တာတွေ၊ လှူဒါန်းတာတွေကို အစုလိုက်အပြုလိုက်ကပ်ထားတာတွေ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်တာတွေကို ခဏခဏတွေ့နေရတယ်။ ကျွန်တော်တော့ သဘောမတူပါ။
ကျွန်တော်ကိုးကွယ်တဲ့ဘာသာတရားဖြစ်လို့သာ အဲလိုပြောတာမဟုတ်ပါ။ လူတွေသန်းပေါင်းများစွာ ယုံကြည်ကိုးကွယ်တဲ့ ဘာသာမှန်သမျှကို ရုပ်ပျက်စေတာမျိုးကို သဘောမတူပါ။

ကနေ့တွေ့တဲ့ တရားဆုံးစာတခုမှာ အရမ်းဒုက္ခရောက်တယ်လို့ ရေးထားတယ်။ တရားအဆုံးအမပါ ပျက်ရော။ အဲတာမျိုးတွေမှာ ဆင်ဆာလိုတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၇
ညနေ ၆ နာရီ၊ ၁၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး