Hundred Years' War နှစ်တရာစစ်ပွဲ

ကမ္ဘာ့သမိုင်းမှာ နှစ်တရာစစ်ပွဲလို့ရှိတယ်။ ၁၃၃၈ ကနေ ၁၄၅၃ အထိကြာတယ်။ အင်္ဂလိပ်မင်း ၅ ဆက်နဲ့ ပြင်သစ်မင်း ၅ ဆက်တို့ နှစ်ပေါင်း တရာကျော် စစ်ဖြစ်ခဲ့ကြပါတယ်။

မြန်မာပြည်မှာတော့ -

နှစ်တရာပြည့်ကို နှစ်တစ်ရာပြည့်လို့ရေးတဲ့သူတွေရှိတယ်။ မြန်မာစာ ပျက်စေတယ်။

ဥပုသ်နေ့ကို ဥပုဒ်လို့ ရေးသူကရေးကြတယ်။ သီလပျက်စေမယ်။

စိန်တလုံးသရက်ကို စိန်တစ်လုံးသရက်လို့ ရေးတာလည်းဖတ်ရတယ်။ သရက်သီးအရသာပျက်မယ်။

မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်ကို မြင်းခွါတစ်ချက်ပေါက်ရင်လို့ ရေးတာတွေလည်း ဖတ်ရတယ်။ မြင်းခွါနဲ့တချက် ပေါက်စေချင်လာတယ်။

နှစ်တရာ မြန်မာပြက္ခဒိန်ရှိသလို နှစ်တရာခံတဲ့ မြန်မာသတ်ပုံပါရှိစေချင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး