Animal Farm ပြည်တွင်းဖြစ် ခြေလေးလေးချောင်း

ဆယ်နှစ်ကြာဝေဒနာစာရေးတော့ ကွန်မင့်တခုရတယ်။ အရာအားလုံးစွန့်ပြီး တောထွက်ရ သလိုပါပဲလား ဆရာရယ်တဲ့။

ဆောရီး။ ပုံပြင်လေးတခု သတိရတယ်။ မြို့မှာ တိရစ္ဆာန်ရုံက ကျားကြီးလွတ်နေလို့ လူတွေက တောထဲကို ထွက်ပြေးကြရသတဲ့။ တောထဲမှာလည်း သားရဲတွေက ပေါပါဘိသနဲ့။

အခုတော့ မြို့ထဲမှာ ကျားတော့ ဇီဝန်ချုပ်သွားပြီ။ ကျားသေကို အသက်သွင်းချင်သူတွေတော့ရှိတယ်။ ကိုရီးယား စကားပုံတခု ရှိတယ်။ ကျားအိပ်တယ်ဆိုတာ ဘယ်တော့မှ အိပ်ပျော်နေတာ မဟုတ်ပါတဲ့။

မြို့ထဲမှာ ခြင်္သေ့အိုရှိတယ်။ မြေခွေးတွေ၊ ဝံပုလွေတွေကလည်း ပေါပါဘိ။ အာဖရိကစကားပုံတခုက ခြင်္သေ့ဟောက်သံနဲ့ ဘယ်သားကောင်မှ မသေတဲ့။

ဂျော့အိုဝဲလ်ရဲ့ အဲနီးမဲလ်ဖမ်းစာအုပ်ရှိတယ်။ အခြေခံတရားကြီး ခုနစ်ပါးတဲ့။
၁။ ခြေနှစ်ချောင်းမှန်လျှင် ရန်သူ။
၂။ ခြေလေးချောင်းနှင့် အတောင်ရှိမှန်သမျှ မိတ်ဆွေ။
၃။ တိရစ္ဆာန်များ အဝတ် မဝတ်ရ။
၎။ တိရစ္ဆာန်များ အိပ်ရာနှင့် မအိပ်ရ။
၅။ တိရစ္ဆာန်များ အရက် မသောက်ရ။
၆။ တိရစ္ဆာန်များ အချင်းချင်း မသတ်ရ။
၇။ တိရစ္ဆာန်များအားလုံး တတန်းတစားတည်းဖြစ်သည်။

ဂျော့အိုဝဲလ်မူရင်းစာအုပ်ကို ၁၇-၈-၁၉၄၅ နေ့မှာ စထုတ်တယ်။ ၁၉၄၆၊ ၁၉၅၆၊ ၁၉၈၉၊ ၁၉၉ဝ၊ ၁၉၉၁၊  ၁၉၉၃၊ ၁၉၉၆ (၅ ကြိမ်)၊ ၁၉၉၈၊ ၁၉၉၉ (၄ ကြိမ်)၊ ၂ဝဝ၂၊ ၂ဝဝ၃၊ ၂ဝဝ၇ (၂ ကြိမ်)၊ ၂ဝဝ၈၊ ၂ဝ၁၃၊ ၂ဝ၁၇ ခုနှစ်တွေမှာ ထပ်ထုတ်ဝေတာ၊  စပယ်လင် တခါမှ မပြင်ပါ။

၁၉၅၃ ခုနှစ်ကထုတ်ခဲ့တဲ့ သခင်ဘသောင်းဘာသာပြန် ခြေလေးချောင်းတော်လှန်ရေးကိုတော့ သတ်ပုံပြင်ထုတ်ကြတယ်။ ခြေလေးလေးချောင်းအစစ် ပြည်တွင်းဖြစ်။

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၈
၂၄-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး