ချဉ်းကပ်

ချဉ်းနင်းဆိုတဲ့စကားလုံး အဓိပ္ပါယ်ကို ရှင်းပြပေးပါလားဗျ။ ဥပမာ ချဉ်းနင်းဝင်ရောက်။ နောက်ပြီး ၂ဝဝဝ ပြည့်နှစ်ဆိုတာ ၂၀ ရာစုလား ၂၁ ရာစုလားဗျ။ စာတကြောင်းတွေ့လို့ပါ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်သို့ စတင်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့သည် ၂၁ ရာစုအတွင်းသို့ ချဉ်းနင်းရောက်ရှိသွားခဲ့ပြီဖြစ်သည်။

၂ဝဝဝ ခုပြည့်ပြီးကစလို့ ၂၁ ရာစုထဲလို့ပြောကြတယ်။

အရင်သတ်ပုံစာအုပ်ထဲမှာ ချဉ်းကပ်သည်လို့ပါတယ်။ ချဉ်းနင်းဝင်ရောက်သည်လို့ ရေးကြတယ်။ တဖြေးဖြေးဝင်လာတဲ့ သဘောမှသာ ရေးသင့်တယ်။ ချဉ်းနင်းတိုက်ခိုက်လို့ ရေးတာလည်း ဖတ်ဖူးတယ်။ စီးနင်းတိုက်ခိုက်လို့ရေးမှသာ မှန်မယ် ထင်ပါတယ်။

ချဉ်း
ချဉ်းကပ်သည်
စေ့ချဉ်း = အကျဉ်းရုံးသည်
ချုံးချဉ်း = စပ်ချဉ်း = အကျဉ်းချုံး
လင်မယားပြန်ချဉ်းသည်

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး