ဗူး နဲ့ ဘူး ဋီကာ

စစ်အစိုးရလက်ထက်ကထုတ်ထားတဲ့ မြန်မာအဘိဓာန်မှာ ဘူးပင်လို့ တွေ့ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာ ဗူးပင်လို့သာ ရိုက်နှိပ်ထားပါတယ်။

ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။

အရင်ကဆိုစကား = ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ။
နောက်ပေါ်အမိန့် = ရေဘူးပေါက်တာ မလိုချင်၊ ရေပါတာသာလိုချင်တဲ့။

ဆေးလိပ်လက်ဆောင် (မယ်ခွေ)
မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။

မီးမကူ နေပူမှာမကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။

ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့် လိပ်ဆေး။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။

ဝိပဿနာရှုနည်းကျမ်း (မဟာစည်ဆရာတော်ဘုရား) = ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၇
ပုံ = ကိုဆံရှည်နဲ့ မစန္ဒာတို့အိမ်ကဗူးစင်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး