Blog ဘလော့မှာ ဖတ်ပါရန်

၁။ ဆရာရှင့် အဲ့တာ ဘာတွေစစ်ခိုင်းတာပါသလဲရှင်။ ကျမအမဆီကတွေ့တာ။ သူကို့မေးတော့လည်းမသိဘူး ဆရာဝန်က စစ်ခိုင်းတာလို့ပြောလို့လေ စိုးရိမ်လို့ပါဆရာ။ ပြန်ဖြေပေးရင် ကျေးဇူးအထူးတင်ပါတယ် ဆရာ။

မေးနည်းစည်းကမ်း ပို့လိုက်ပါတယ်။

ကျေးဇူးဆရာ ကျမပို့ပေးပါ့မယ်။ မ၊ ၂၉နှစ်၊ အဖြူဆင်း၊ အနံ့နံ၊ ဖြစ်တာ တစ်လခန့်ရှိ၊ လက်ရှိဆေးခန်းပြနေ၊ ဆေးစစ်ထားပါသည်။

မေးနည်းစည်းကမ်း ပို့ထားပြီး။ ရာသီ + အိမ်ထောင်ရေး + အတူနေ မပြောလိုသူတွေက ဘလော့မှာဖတ်နိုင်ကြ။

မဟုတ်ပါ။ ဆေးစစ်တဲ့ အဖြေသိချင်တာပါ။ ရက်ချိန်းပြန်သွားဖို့ ခရီးရောက်နေလို့ပါ။ ကျေးဇူးပါ။ ရာသီမှန်ဘူးလို့ သိရ၊ ခရီးသွားရင်အတူနေ။

၂။ မင်္ဂလာပါ ဆရာ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးချင်လို့ပါရှင်။ ကန်တော့ပါရှင့်။ မိန်းမကိုယ်က ယားယံပြီး အဖြူဖတ်လေးတွေထွက်တာ ဘာဖြစ်လို့ပါလဲရှင့်။

မေးနည်းစည်းကမ်း ပို့လိုက်ပါတယ်။

အသက် ၂၆၊ မ၊ ၁၊ အိမ်ထောင်ရေး (အတူနေ)။

ဘလော့မှာ ဖတ်နိုင်တဲ့စာတွေ -
1. Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း https://doctortintswe.blogspot.com/2016/06/white-discharge-2.html
2. Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း https://doctortintswe.blogspot.com/2014/11/vaginal-infections.html
3. Vaginal itching မိန်းမကိုယ် ယားခြင်း https://doctortintswe.blogspot.com/2014/11/vaginal-itching.html
4. White discharge (2) အဖြူဆင်းခြင်း (၂) https://doctortintswe.blogspot.com/2014/11/vaginal-discharge.html

မေးနည်းစည်းကမ်းပါအချက်အလက်တွေ မပြောလိုသူတွေ ဘလော့မှာ ဖတ်နိုင်ကြပါတယ်။ ကွန်မင့်ကနေ ရောဂါတခုခု သိချင်လို့ မေးသူတွေလည်း ဘလော့မှာ ဖတ်နိုင်ကြပါတယ်။ အသက်-ကျား-မတွေ ပြောဘို့မလိုပါ။

ဒီပို့စ်အောက်မှာ မဖွယ်မရာရေးတာတွေကို ဘလော့ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး