Geography ပထဝီ

ရေပတ်လည် ဝိုင်းရံလျှက်ရှိသောကုန်းမြေကို ကျွန်းဟုခေါ်သည်။

၂ဝ၁ဝ မှာ မဲပေးမယ့်သူတွေက ဒုက္ခရောက်သူတွေကို ကယ်ဆယ်လျက်ရှိသော တိုင်းပြည်ကို မြန်မာနိုင်ငံဟု ခေါ်သည်။

၂ဝ၁၆ မှာ မြစ်ရေတွေကြီးနေသတဲ့။ တိမ်မည်းတွေ အုံမိုးနေဆဲ။ အပူမီးတွေ ဝိုင်းရံလျှက်ရှိဆဲ။

၂ဝ၁၇ မှာ တုပ်ကွေးဖြစ်နေသတဲ့။ တိမ်မည်းတွေ အုံမိုးနေဆဲ။ အပူမီးတွေ ဝိုင်းရံလျှက်ရှိဆဲ။

အသိဉာဏ်ပညာတွေ ဝိုင်းရံလျှက်ရှိသောကုန်းမြေ ဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၆
၂၉-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး