H1 N1 တုပ်ကွေးရောဂါ အတည်ပြုချက်ရ သတင်း

H1 N1 တုပ်ကွေးသတင်းတွေ အမျိုးမျိုးတက်နေပေမယ့် မမှန်တာကများတယ်။ VOA နဲ့ RFA ရေဒီယိုတွေက တင်ထားတာက ခိုင်လုံတယ်။ အဲတာတောင် ကျွန်တော်မရှင်းလင်းတာ ပါနေသေးတယ်။

ရောဂါကို A (H1 N1) လို့ခေါ်တယ်။ ရာသီတုပ်ကွေးရောဂါလို့ခေါ်တယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှာ ကူးစက်ခံထားရသူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦး ရှိတယ်။

ချင်းပြည်နယ် မတူပီမြို့မှာ A/H1N1 2009 ရောဂါပိုးတွေ့ထားသူ ၁ဝ-၁၃ ဦးရှိခဲ့ပြီး ၁ ဦးသေဆုံးထားတယ်လို့ သတင်းမှာပါတယ်။ အဲတာက အခုနှစ်မဟုတ်လောက်ဘူးလားလို့ စဉ်းစားမိတယ်။ အဲဒီသေတဲ့ကလေးဟာ နောက်ဆက်တွဲ ဖြစ်တတ်တဲ့ ပြင်းထန်နူမိုးနီးယားကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့သာ ပြောလို့ရတယ်။ ကလေးမှာ H1 N1 ဖြစ်ခဲ့တယ်လို့ ဆေးပညာအရ ပြောမရပါ။

ကုသဆေးမရှိလို့ရေးကြပေမယ့် ဗိုင်းရပ်စ်ရောဂါတိုင်းက အဲလိုပဲ ပိုးတွေသေစေမယ့်ဆေးမရှိပါ။ တချို့ဗိုင်းရပ်စ်ရောဂါတွေက အလိုလိုပျောက်တယ်။ HIV လို၊ အသည်းရောင် ဘီ နဲ့ စီလိုတွေကတော့ စနစ်တကျ ကုသနေရင် ပိုးတွေ စမ်းမရတဲ့အထိ ပျောက်နိုင်တယ်။

အဲဒီရောဂါဟာ မြန်မာနိုင်ငံမှာ ၂ဝဝ၉ ခုနှစ်ကတည်းက မိုးရာသီရောက်တိုင်းလိုလို ဖြစ်ပွားခဲ့တာဖြစ်တယ်။ အခုရောဂါက အသက်ရှူလမ်းကနေသာဝင်တယ်။ နှာခေါင်းနဲ့လက်နှစ်ဖက်ဂ ရုစိုက်ရင် မကူးနိုင်ဘူး။ ဖြစ်တယ်ထင်လည်း ဆေးရုံကို အချိန်မီပြသရင် အသက်မဆုံးပါးနိုင်ဘူး။ လူအများစုက သတိထားနေကြရင် ကပ်ရောဂါအထိမဖြစ်စေဘူး။ မခိုင်မာတဲ့ သတင်းတွေကို ဟိုဟိုသည်သည်လျှောက်မဖြန့်ကြရင် လူတွေကို အထိတ်တလန့်မဖြစ်စေဘူး။ ၁၆ ယောက်သေတယ်လို့ ရေးတင်သူမျိုးကို အရေးယူသင့်တယ်။ အစိုးရကမလုပ်နိုင်လည်း ဖေ့စ်ဘွတ်ကနေ ဘလော့သင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၇
ညနေ ၇ နာရီ၊ ၂၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး