Media Ethic ဟုတ်ပါတယ်

ကျွန်တော့်ပို့စ်တခု = ရုရှားနဲ့ အမေရိကန် ဘတပြန် ကျားတပြန် - ဒီစာကို မုံရွာဂေဇက်ကို အရင်ပို့ပါမယ်။

ကွန်မင့်များ -
၁။ Wunna Aung ဖေ့ဘွတ်ကို အရင်ပို့ တာများ မုံရွာအရင်ပို့ မတဲ့ ဆရာရယ် ဟုတ်ပါ့မလား
၂။ Kyaw Kyaw မီဒီယာ အရောင်းမြှင့်တင်ရေးတွေလားဆရာ သမတသာဆိုတယ်
၃။ မောင်ပန်း မွှေး သူ့ဒေသကလူတွေ အရင်သိစေချင်လို့ပေါ့

အခုထိတော့ သုံးခုသာလာသေးတယ်။

မီဒီယာမှာ စာရေးသူတွေ စည်းကမ်း အပြန်အလှန်လေးစားလိုက်နာကြရတယ်။ ၃-၄ ရက်လောက်က သတင်းစာလား ဂျာနယ်လားတော့ မသိပါ။ ကျွန်တော်ရေးတဲ့ တုပ်ကွေးစာကို သတ်ပုံတွေပြင်ပြီးရိုက်ထားလို့ ဖေ့စ်ဘွတ်မှာပဲ ရေးလိုက်တယ်။ ကာယကံရှင်ဆီတော့ မပြောအားပါ။

ကျွန်တော် ပြီးခဲ့တဲ့ တနှစ်ကျော်လောက် DVB ဝဘ်ဆိုက်မှာ စာရေးတယ်။ တာဝန်ရှိသူတွေနဲ့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်အရလုပ်တယ်။ အဲဒီကိုအရင်ပို့ပြီးမှ ဆိုရှယ်မီဒီယာကိုတင်တယ်။ အဲဒီကနေလည်း စာရေးခကို အဲဒီကဘဏ္ဍာရေးဌာနက စနစ်တကျလုပ်ပေးတယ်။ မကြာသေးခင်ကတော့ ကျွန်တော့ဆီဆက်သွယ်နေတဲ့ တဦးတည်းသောသူ အဲဒီကနေ နှုတ်ထွက်တာနဲ့ လူသစ်တွေကနေ မဆက်သွယ်လာလို့ DVB မှာ စာမပို့ဖြစ်တော့ပါ။

မုံရွာဂေဇက်မှာ စာရေးမယ်လို့ ပြောထားပြီးပါပြီ။ စည်းကမ်းလည်းချထားတယ်။ အပတ်စဉ် တတ်နိုင်သလောက်ရေးမယ်။ သတ်ပုံတော့ ဂရုစိုက်ပေးပါ။ အဖိုးအခ မယူပါ။

ဖေ့စ်ဘွတ်မှာ ညကတင်လိုက်တဲ့ စာမြည်းနဲ့ စာတပုဒ်လုံး မတူပါ။ အခုပဲ မုံရွာဂေဇက်ဆီ အီးမေးလ်နဲ့ စာပို့လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး