Mental toughness စိတ်ဓါတ်

(၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရေးခဲ့တဲ့စာ)

အားကစားအသင်းလိုက်ပြိုင်ပွဲကြီးတခုနဲ့ တဦးချင်းပြိုင်ပွဲကြီးတခုကို တရက်ပြီးနောက်တရက် ဆက်တိုက်ကြည့်ရတယ်။ ဥရောပ ချန်ပီယံလိခ်ဘောလုံးပွဲမှာ ဘာစီလိုနာအသင်းနဲ့ ပြင်သစ်အိုးပင်း တင်းနစ်ပွဲ။ အားကစားပွဲတွေကို တီဗွီကြည့်ရတာ အားသာချက်တော့ရှိတယ်။ တကယ်တော်တဲ့ အသင်းတွေနဲ့ တဦးချင်းထူချွန်တဲ့ အားကစားသမားတွေ ဘယ်လို အနိုင်ရအောင် ကြိုးစားကြသလည်းဆိုတဲ့ လေ့လာမှုလုပ်လို့ရတယ်။

အဲလို ထူးချွန်ကောင်းမွန်သူတွေချင်းယှဉ်ကြရင် စိတ်ဓါတ်ကြံ့ခိုင်မှုက အခယာကျတယ်။ သုတေသနလုပ်သူ ဆီမွန် တင်ပယ်လ်တွန်က တင်းနစ်ပြိုင်ပွဲမှာ ၈ဝ-၉ဝ% ရှိတယ်လို့ ကောက်ချက်ချထားတယ်။

ကျွန်တော် သဘောအကျဆုံးက ကိုယ်ကနေအမှတ်ပေးလိုက်ရပေမယ့် အဲဒီအမှတ်အတွက် ကြောင့်ကျစိတ်မထားဘဲ။ နောက်အမှတ်အတွက်သာ စိတ်အာရုံလုံးလုံး စိုက်နိုင်တာမျိုး။ တမှတ်တိုင်းကို ချန်ပီယမ်ရှစ်အမှတ်လိုက ပွဲစဉ်အဆုံးထိ ထားနိုင်တာမျိုး။ တမှတ်ပေးလိုက်ရတာနဲ့ တပွဲလုံးရှုံးတော့မဲ့ တဖက်လူအတွက် ချန်ပီယံရှစ်ပ်ပွိုင့်အခြေအနေကနေ ကိုယ်ကအနိုင်ရအောင်ကစားတာမျိုး။ ငါးပွဲကစားရမှာ ကိုယ်က နှစ်ပွဲရှုံးနေပေမယ့် နောက်သုံးပွဲလုံးကို နိုင်အောင် ကစားသွားနိုင်တာမျိုး။

မနိုင်သေးတဲ့ပွဲတွေကို ရင်ဆိုင်အံတုနေကြတဲ့ မြန်မာပြည်သားများ စိတ်ခွန်အားကောင်းအောင် ကြံဆောင်နိုင်ကြပါစေ။ တမှတ်တိုင်းဟာ ချန်ပီယံရမှတ်လို့ သဘောထားနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆
၂၈-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး