South African child virtually cured of HIV တောင်အာဖရိကမှာ ကလေးတယောက် HIV ပျောက်ကင်း

၂၄-၇-၂ဝ၁၇ နေ့ကသတင်းဖြစ်ပါတယ်။ ဒီကလေးဟာ မွေးစလောက်ကတည်းက HIV ကူးစက်ခံထားရတယ်။ ကလေးက ဘယ်သူဘယ်ဝါလို့တော့ ထုတ်ဖေါ်မပြောသေးပါ။ ပိုးရှိမှန်းသိကတည်းက ဆေးပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၈ နှစ်ခွဲအတွင်း ဆေးမပေးတော့ပါ။ ဗိုင်းရပ်စ်တွေလည်း အက်တစ်ဖြစ်တာ မတွေ့ရပါ။

ဒီ ၉ နှစ်သားကလေးဟာ ၂ဝဝ၇ ခုနှစ်ကတည်းက သူ့မိခင်ဆီကနေ HIV ကူးစက်ခဲခဲ့ရရှာတယ်။ သွေးထဲမှာ ပိုးပမာဏ များတယ်။ ကလေးတွေတွေ ပိုးတွေ့ရင် antiretroviral therapy ဆေးပေးနည်းကို စံကိုက်ကုသနည်းအဖြစ်တော့ သတ်မှတ်ထားတာ မဟုတ်ပါ။ ကလေးကို ၉ ပတ်သားမှာဆေးစပေးထားတယ်။ စမ်းသပ်မှုအရလုပ်တာဖြစ်ပါတယ်။ ရက်သတပတ် ၄ဝ မှာ တခြားကလေးတွေနဲ့ မတူဘဲ သူ့သွေးထဲကပိုးကို စမ်းမတွေ့တော့ပါ။

Mississippi baby ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု၊ မစ်ဆစ္စပိက အသက် ၄ နှစ်အရွယ် ကလေးမလေးမှာ အရင်က HIV ကင်းပျောက်နေပြီလို့ သတ်မှတ်ခဲ့တာ နောက်မှာစစ်ဆေးတော့ မပျောက်သေးတာ တွေ့လာရတယ်။ အဲဒီကလေးမကိုတော့ ၃ဝ ပတ်မှာဆေးစပေးခဲ့တယ်။ အသက် ၁၈ လအထိဆေးပေးခဲ့ပြီး ဘယ်နေရာရောက်သွားမှန်းမသိလို့ ဆေးမပေးနိုင်တော့ပါ။ ၁ဝ လကြာတော့မှ သူ့အမေက ဆေးဆက်မကုပေမဲ့ ကလေးမမှာ HIV ပိုးမတွေ့တော့လို့ အံ့သြခဲ့ရတယ်။ ၂၇ ပတ်ကြာဆေးမရခဲ့ပါ။ ဒီသတင်းထူးကို ကျွန်တော့ဘလော့ခ်မှာ ၁၁-၇-၂ဝ၁၄ နေ့က ရေးတင်ခဲ့ပါတယ်။

ကမ္ဘာ္ဘပ်ါမှာ လူပေါင်း ၃၆့၇ သန်း HIV ကူးစက်ခံနေရတယ်။ ၅၃%သာ ဆေးရနေကြတယ်။ ပြီးခဲ့တဲ့အပတ်ကသတင်းအရ သေဆုံးသူအရေအတွက် ထက်ဝက်ကျဆင်းလာပါတယ်။

ပြင်သစ်မှာလည်း လူနာတဦး ဆေးမပေးတာ ၁၁ နှစ်ကြာပိုးရှာမတွေ့တာရှိထားတယ်။ ဒေါက်တာ အေဗီ ဗိုင်ယိုလာရီ ပြောတာက ဆေးပေးနည်းတခုတည်းနဲ့တော့ အဲလိုပိုးမတွေ့တာ မဖြစ်လောက်ပါတဲ့။ ခုထိတော့ ဘာလို့ ပျောက်နေသလဲ မပြောနိုင်သေးပါတဲ့။ မျိုးဗီဇလား၊ ခုခံအားစနစ်လား မသိသေးပါ။ ရောဂါထိန်းနိုင်စွမ်းရှိသူ ရေပေါ်ဆီလို့ပဲ ပြောရမလား မသိပါ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး