Traffic Law ယာဉ်စည်းကမ်း

ကနေ့မနက်ပိုင်းမှာ အီးမေးလ်ကလာတာတွေ ဖြေပြီးပြီ။ မက်ဆင်ဂျာကလာတာတွေလည်းပြီးသလောက်ရှိုပြီ။ မက်ဆေ့ခ်ျ ကျန်ဦးမယ်။ အဲတာနဲ့ သူများတင်တာတွေ လိုက်ဖတ်တယ်။

ယူအက်စ်မှာနေတဲ့ သားအမိ မြန်မာပြည် အလည်ပြန်နေကြတယ်။ တောမှာ လှည်းစီးနေတဲ့ပုံတင်တယ်။ ဆိ-ဘဲ့လ် လို့ ရေးလိုက်တယ်။

ဖရင်းဆရာမတယောက် ရင်ပတ်မှာ ဖဲကြိုးပြာတပ်ထားတာတွေ့တယ်။ ဘာလဲတော့ မသိ။ ဆရာတို့နေရတဲ့မြို့မှာ လူဆိုးက ခံပစ်လို့ ရဲအရာရှိတယောက်သေသွားတယ်။ အဲတာနဲ့ လမ်းတွေမှာ ဖဲကြိုးပြာတွေစည်းပြီး လေးစားစာနာမှု ပြသကြတယ်လို့ ရေးလိုက်တယ်။

အဲဒီဖြစ်တဲ့နေ့က ကျွန်တော်ကျောင်းအသွား လမ်းပိတ်ထားလို့ လမ်းကွေ့ပတ် မောင်းခဲ့ရတယ်။ မနှစ်က ကျွန်တော် ဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းက ကျောင်းသားတွေကို ရဲဌာနခေါ်ပြီး ရှင်းလင်းပြသတယ်။ လမ်းပေါ်မှာ ယာဉ်စည်းကမ်းမလိုက်နာမှုတခုဖြစ်ရင် နောက်ကနေ ရဲက လက်နှစ်ဖက်ကို မြင်အောင်ပြ၊ ကားမှန်ကိုချ၊ ဖြေးဖြေးလုပ်၊ လက်ကို ခေါင်းပေါ်တင်ထား စသဖြင့် နောက်ကနေ အမိန့်ပေးတယ်။ ရှေ့ကားမောင်းတဲ့သူ အင်္ဂလိပ်စကား တတ်တာ မတတ်တာ သူတို့မသိ။ ခိုင်းတာကို လွဲလုပ်ရင် သေနတ်ထုတ်မယ်။ ကာဗာလုပ်ပေးဘို့ရာ နောက်ထပ်ရဲကား အကူအညီ ခေါ်မယ်။ စသဖြင့်ရှင်းပြတယ်။ သူတို့ခေါင်းထဲမှာ အဲဒီကားထဲကလူကနေ သူတို့ကို သေနတ်နဲ့ ပစ်လားပဲ ရှိတယ်တဲ့။ အဲလောက် စည်းကမ်းကြီးကြီးထား လုပ်တာတောင် ရဲအရာရှိတွေ အခင်းဖြစ်ရာမှာသေဆုံးတယ်။ ဆောရီး။

မြန်မာပြည်မှာ ယာဉ်စည်းကမ်းတွေ ကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး