တင်မိုးသည် တစ်မိုးမဟုတ်

ခူးပါလှည့်ဆို
ချိုတယ်တဲ့လေး။

ပွင့်ရွှေကြာနန္ဒာဦးမှာ
ကျူးရင့်တဲ့တေး။

ဆွတ်ပါလှည့်မြူ
ကြူတယ်တဲ့လေး။

ပဒုမ္မာကြာတပွင့်ရဲ့
ခွင့်ပြုတဲ့တေး။

တင်မိုး
(၁၉၇၂ ဝန်းကျင်၊ ရန်ကုန် ဝ/သ တက္ကသိုလ် ဒဿနိကဗေဒအသင်း၊ အမှတ်တရ ပို့စကဒ်မှ)

ပဒုမ္မာကြာတစ်ပွင့်လို့မရေးတဲ့ ဆရာတင်မိုးရဲ့ကဗျာတွေကို နောက်လူတွေက တစ်လုပ်ပြီးသကာလ ပိုက်ဆံရှာကြတယ်။ ပါးစပ်ကတော့ တင်မိုးတော်တယ်ပြောကြတယ်။ ရေးတော့ တစ် တစ် တစ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆
ပုံ = UMyintThein

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး