ယှုတ်ချ - ရှုတ်ချ - ရှုံ့ချ


၁။ ရှုတ်ချနဲ့ ရှုံ့ချ အသုံးကို သိချင်ပါတယ်ဆရာ။

၂။ ခုတလောရေးနေကြတဲ့ ရှုံ့ချပါတယ်ဆိုတဲ့ စကားလုံးက မှန်လား ပြောပြပေးပါခင်ဗျာ။ ကျွန်တော်သိတာက ရှုတ်ချလို့ပဲ သိထားတာပါ။

ရှုတ်ချ (စစ်အစိုးရခေတ်ထုတ် လက်ရှိနိုင်ငံတော်မူ သတ်ပုံစာအုပ်)
ယှုတ်ချသည် (ကဝိဓဇသတ်ပုံကျမ်း)
ယှုတ်ချသည် (ဝဏ္ဏဗောဓနသတ်အင်း။ ရှင်းလင်းချက် - လင်္ကာတွင် ရှုတ်ချဟု ရကောက်အင်းတွင် အတိအလင်းပြ၏။)

ရှုတ်
ရှုတ်ရှုတ်မြည်သံ

ရှုံ့
မြေကြောရှုံ့သည် (နောက်သတ်ပုံစာအုပ်)
နှာခေါင်းရှုံ့သည်
ရှုံ့ချည်နှပ်ချည်မလုပ်ပါနှင့်
ရှုံ့တွန့်နေသည်
ရှုံ့တွနေသည်
ရှုံ့တုံ့တုံ့
ရှုံ့မဲ့၍ငိုသည်

ရှုပ်
စိတ်ရှုပ်သည်
နမ်းရှုပ်သည်
ရှုပ်ယှက်ခတ်
ရှုပ်ရှုပ်ပွေပွေ
ရှုပ်ထွေးပွေလီ
လိမ်ထွေးရှုပ်
လူပွေလူရှုပ်
အမှိုက်ရှုပ်သည်
အရေတွန့်ရှုပ်
မြေကြောရှုပ် (ယခင်သတ်ပုံစာအုပ်)

ဒေါက်တာတင့်ဆွေ
၇-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး