Burden of Proof အိန္ဒိယရာဇသတ်ကိုဓ

၁၉၁၃ ခုနှစ်၊ မေလ ၁ ရက် (၁၂၇၅ ခုနှစ်၊ တန်ကူးလဆုတ် ၁၁ ရက်) နေ့ထိပြင်ဆင်ထားသည်။

အခဏ်း ၁။
နိဒါန်း။
့
၁။ ယခုဥပဒေကို အိန္ဒိယရာဇဝသတ်ကိုဓ ခေါ်တွင်စေမည်။ အိန္ဒိယနိုင်ငံတော်ကို သာလွန်ကောင်းမွန်စွာ အုပ်ချုပ်စီရင်ရန် အက်ဥပဒေခေါ်တွင်သော ဝိတိုရိယနန်းစံ သက္ကရာဇ် ၂၁ ခု၊ ၂၂ ခုနှစ်များတွင် ထုတ်ပြန်တော်မူသည့် ဥပဒေတော်အခဏ်း ၁ဝ၆ အရ အသျှင်ဧကရီဘုရင်မရွှေလက်ထက်တော်သို့ရောက်ပြီး ရောက်လတ္တံ့သော တိုင်းပြည်နယ် တဝှမ်းလုံးအတွင်း တည်စေရမည်။
့

ဥပဒေတွေဟာ ဟိုရှေးခေတ်ကာလကစခဲ့တာဖြစ်ဖြစ် တရားတယ်လို့ခေတ်လူတွေလက်ခံသေးရင် သုံးစွဲကြပါတယ်။ ဗြိတိသျှကိုလိုနီလက်ထက်က ဥပဒေအတော်များများကိုလည်း အခုထိသုံးနေပါသေးတယ်။

ကျွန်တော်က တဝှမ်းလုံးကို တစ်ဝှမ်းလုံးလို့မရေးရတာကို တရားလိုပြသက်သေခံပစ္စည်းအဖြစ် တင်သွင်းပါတယ်။

ဥပဒေအထက်မှာ သတ်ပုံပြင်သူတရားခံတွေရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၆
၁၉-၈-၂ဝ၁၇

Numbers ခေါင်းစားသော ဂဏန်းများ

၁။ အစာအိမ်ကခွဲထားတာ ၁၂ရှိပါပြီရှင့်၊

၁၂ရှိပါပြီရှင့်ဆိုတာ မရှင်းပါ။

၂။ ရာသီမလာတာ ၅ လောက်ကြာနေတာ အန္တရာယ်ရှိနိုင်ပါ့လားရှင့်

၅ လောက်ကြာနေတာ ဆိုတာ မရှင်းပါ။

ဂဏန်းတိုင်းမှာ ယူနစ်ခေါ် သက်ဆိုင်ရာတန်ဖိုးထည့်ရတယ်။ ဥပမာ ရက်၊ လ၊ နှစ်။ လက္မ၊ ပေ၊ ကိုက်။ ပေါင်၊ ကေဂျီ၊ ပိဿာ။ မီလီမီတာ၊ စင်တီမီတာ၊ မီတာ။ စက္ကန့်၊ မိနစ်၊ နာရီ။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၆
၁၉-၈-၂ဝ၁၇

School Entry Age ကျောင်းအပ်သင့်တဲ့အသက်

မင်္ဂလာပါဆရာ ကျန်းမာရေးနဲ့မပတ်သက်တဲ့မေးခွန်းလေးတခု မေးခွင့်ပေးပါရှင်။ ကျမသားလေးက 3.7.2016 မှာ ငါးနှစ် ပြည့်ပါမယ်။ အဲဒါကို ဗမာပြည်ကကျောင်းတွေကတော့ ငါးနှစ်ပြည့်ဖို့ တလလိုလည်း လက်ခံကြပါတယ်။ ဒါပေမယ့် မိဘဖြစ်တဲ့ကျမက ဆုံးဖြတ်ရခက်နေတာပါ။ ကလေးကို ၆ နှစ်မှာကျောင်းထားရင် ကလေးအတွက် ပိုကောင်းမလား။ ငါးနစ်မပြည့်ဘဲ တလအလိုကျောင်းထားမိရင် အတန်းကြီးလာရင် ကလေးကို ဖိအားပေးသလို ဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသဘားရှင်။ ဆရာကိုမေးရတာ ဆရာဟာ ကျမတို့အတွက်တော့ ပညာဗဟုသုတတွေကို မျက်စိဖွင့်ပေးနေတဲ့ ကျမ လေးစားရတဲ့ဆရာဖြစ်လို့ပါရှင်။

ကလေးတွေကျောင်းစထားရတဲ့ အသက်သတ်မှတ်ချက်က ကမ္ဘာမှာ တိုင်းပြည်အလိုက်ကွာခြားတယ်။ မြောက်ပိုင်း အိုင်ယာလန်မှာ ၄ နှစ်မှာစတယ်။ အင်္ဂလန်၊ ဝေးလ်စ်နဲ့ စကော့်တလန်မှာ ၅ နှစ်ကစတယ်။ သြစတေးလျနဲ့ နယ်သာလန် မှာလည်း ၅ နှစ်ပဲ။ သြစတြီးယား၊ ချက်၊ ပြင်သစ်နဲ့ စပိန်မှာ ၆ နှစ်နဲ့ ဆွီဒင်မှာ ၇ နှစ်။

အားလုံးတပြေးညီ သတ်မှတ်ထားတဲ့ အသက်ဆိုတာ မရှိပါ။ ကလေးတွေဟာလည်း ဖွံ့ဖြိုးမှုမတူကြပါ။ Reading readiness theory စာဖတ်နိုင်စွမ်းအဆင်သင့်သီအိုရီအရ ဗြိတိန်မှာ ၅ နှစ်ခွဲနဲ့ ယူအက်စ်မှာ ၆ နှစ်ခွဲဖြစ်လို့ လက်ခံ ကျင့်သုံးနေကြတာထက် ၆ လစီနောက်ကျတယ်။

ကျွန်တော်တို့ခေတ်က ၄ တန်း၊ ၇ တန်း၊ ၉ တန်းနဲ့ ၁ဝ တန်း အားလုံး အစိုးရစစ်ခေတ်ဖြစ်တယ်။ ၉ တန်းရောက်တော့ အသက် ၁၅ နှစ်မပြည့်လို့ စာမေးခွဲဝင်ခွင့်မရပါ။ တရားရုံးမှာ ကျမ်းကြိမ်တယ်။ ဇာတာအသစ်လုပ်တယ်။ မရပါ။ စာမေးပွဲမကျပဲ ၉ တန်းကို ၂ နှစ်နေခဲ့ရတယ်။

ကိုယ်တိုင်လေ့လာမှုလုပ်ပြီး ကိုယ်တိုင်သာဆုံးဖြတ်ပါလို့သာ အကြံပြုပါရစေ။ ကလေးတွေကိုယ်စီမှာ မျိုးဗီဇကိုယ်စီ၊ ဉာဏ်ရည်ကိုယ်စီနဲ့ ကံတရားနဲ့အကျိုးပေးမှုကိုယ်စီပါကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၅
၁၉-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး