Castor oil ကြက်ဆူဆီ

ဆီလိုအပေါက်ရှာဆိုတာရှိတယ်။ အပေါက်သေးသေးလေးရှိလည်း ဆီကယိုစိမ့်ထွက်တာကိုပြောတာ။ တင်စားချက်မို့ သူများအပြစ်အနာအဆာကို စစ်စစ်ပေါက်ပေါက်လိုက်ရှာသူမျိုးကို အဲလိုခေါ်ကြတယ်။

အခုတွေ့နေရတာက တမျိုး။ ဆီတိုင်းကိုတော့ မရှာပါ၊ NLD ဆီပဲရှာတယ်။ အပြစ်လည်း ဟုတ်ချင်မှဟုတ်မယ်။ သူထင်တာကိုသာ လိုက်ပြောနေတဲ့လူစား။

ဘုန်းကြီးခေါင်း သန်းရှာ (ကန်တော့ပါ) နေတာနဲ့အတူပဲ။ ကြာတော့ ရီချင်လာတယ်။ သနားလာတယ်။ အဲလိုလူတွေက ပြောတော့ ဒီမိုကရေစီပါပဲ။ ဒါပေမယ့် စစ်အစိုးရလက်ထက်မှာ စီမံကိန်းနဲ့စိုက်ခိုင်းတဲ့ ကြက်ဆူဆီလိုပဲ။ ကြက်ဆူပင်ခြေမှာ နွားချေးချပေးတဲ့သူလည်း အခုထိ အနည်းအပါးတော့တွေ့တယ်။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆
၁၄-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး