Complications of Thyroid Surgery လည်ပင်းကြီးရောဂါ ခွဲစိတ်ကုသခြင်း

သမီးရဲ့အစ်မ အသက်၃၇၊ လည်ပင်းကြီးတာ ဆရာ့ကိုမေးခဲ့ဘူးပါတယ်။ ဒီနေ့ဘဲခွဲထုတ်လိုက်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်လဲဆရာ။ အခုစကားပြောရင်အသံမထွက်ဖူး လည်ပင်းမှာတစ်ဆို့ကြီး ဖြစ်နေတယ် ပြောပါတယ်။ ပြီးတော့ လက်တွေကပ်ပါတယ်ဆရာ။ သမီးအစ်မစကားသံတိုးတိုးဘဲကြားရပါတယ်။ ခွဲပေးတဲ့ဆရာက မနက်မှ လာကြည့်ပေးမယ်ပြောပါတယ်။ ဆရာ့ကိုဘဲအားကိုးတကြီးအရင်မေးလိုက်ပါရစေ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။ တာဝန်ကျဆရာတွေကတော့ ဘာမှမဖြစ်ဖူးဘဲပြောပါတယ်။ လူနာက စိတ်တအားပျော့လို့ပါ။ ကျေးဇူးပြုပြီးဖြေပေးပါ။

ဆောရီး။ ပါရာသိုင်းရွိုက်ဂလင်းပါသွားလို့ ကယ်လ်စီယမ်နည်းတာဖြစ်နိုင်။ ရောင်နေသေးလို့ တစ်ဆို့တာဖြစ်နိုင်။

ကျေးဇူးတင်ပါတယ်ရှင်။ လည်ပင်းခွဲတာနဲ့ပါတ်သက်ပြီး လင့်ရှိရင်တင်ပေးပါဆရာ ဖုန်းကိုသိပ်မသုံးတတ်ပေမယ့် ရအောင်ဖတ်ကြည့်ပါ့မယ်။ အခုထိအသံမထွက်တော့ တော်တော်ကိုစိတ်ပူနေလို့ပါ။ အသံပြန်ထွက်နိုင်ပါ့မလားဆရာ။

အသံဝင်တာကို ကျွန်တော်ကတော့ အတိအကျ မပြောနိုင်ပါ။ အသံအိုးကိုထိန်းတဲ့အာရုံကြောထိခိုက်မိသလား၊ ရောင်နေတာလား တခုခုဖြစ်မယ်။

လည်ပင်းကြီးခွဲစိတ်တာ အတော်ကို သတိထားရတယ်။ တော်တော့်ဆရာဝန်ကခွဲမပေးချင်ကြပါ။ နောက်ဆက်တွဲ ဖြစ်မှာတွေကို သတိထားရလွန်းလို့ဖြစ်ပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်တာတွေမှာ သာမန်နဲ့ ဆိုးတာတွေရှိတယ်။

၁။ Postoperative bleeding သွေးထွက်ခြင်း။ တချို့မှာဖြစ်တယ်။ လိုအပ်ရင် ပြန်ဖွင့်ပြီး သွေးထဲထုတ်ယူတာနဲ့ သွေးကြောပိတ်တာလုပ်ရမယ်။

၂။ Injury to the recurrent laryngeal nerve အာရုံကြောထိခိုက်ခြင်း။ ပြတ်သွားရင် အသံပိုးတခြမ်းလေဖြတ်မယ်။ ဖြစ်တဲ့တချို့လူနာကို နောက် ၆ လစောင့်ပြီးမှာကုသပေးနိုင်တယ်။ အာရုံကြော နှစဖက်လုံးလေဖြတ်ရင် အရေးပေါ် လည်ပင်းအပေါက်ဖေါက်ပေးရတယ်။

၃။ Hypoparathyroidism ဟိုက်ပိုပါရာသိုင်းရွိုက်ဒဇင်။ ပါရာသိုင်းရွိုက်ဂလင်းကနေ parathyroid hormone (PTH) ပါရာသိုင်းရွိုက်ဟော်မုန်း လုံလောက်အောင် ထုတ်မပေးနိုင်လို့ ဖြစ်တယ်။ အဲဒီဟော်မုန်းဟာ ကယ်လ်စီယမ်နဲ့ ဖေါ့စ်ဖါးရပ်စ် ဓါတ်ဆားတွေကို ထိန်းပေးနေတယ်။ ရှားပါးတယ်။ Hyperparathyroidism ခေါ်တဲ့ ပါရာသိုင်းရွိုက်ဟော်မုန်း များတာက ပိုဖြစ်တယ်။ လည်ပင်းခွဲစိတ်တဲ့အခါ ထိခိုက်မှုရှိလို့၊ ထုတ်လိုက်လို့ ဟိုက်ပိုပါရာသိုင်းရွိုက်ဒဇင်ဖြစ်မယ်။ မွေးရာပါ အော်တိုအင်မြူး ရောဂါကြောင်းလည်းဖြစ်တယ်။

ပါရာသိုင်းရွိုက်ဟော်မုန်းနည်းရင် အရိုး၊ အရေပြား၊ ကြွက်သား၊ အာရုံကြောတွေအားနည်းစေတယ်။ နှုတ်ခမ်း၊ လက်ချောင်း၊ ခြေချောင်းတွေကျဉ်နေမယ်။ ဆွပင်ခြောက်နေမယ်။ ခြေသည်းတွေ ခြေက်ပြီး မာဆတ်နေမယ်။ အရေပြားကြမ်းမယ်။ ကြွက်ခဏခဏတက်မယ်။ မျက်နှာ၊ ခြေလက်တွေနာမယ်။ မျက်စိအတွင်းတိမ်ဖြစ်နိုင်တယ်။ သွားမကောင်းဖြစ်မယ်။ ခေါင်းကိုက်မယ်။ ကြွက်သားတွေနာမယ်။ မှတ်ဥာဏ်အားနည်းမယ်။ Calcium carbonate နဲ့ vitamin D တွေ အမြဲ သောက်နေရတယ်။ Hypocalcemia သွေးထဲမှာ က်လ်စီယမ်နည်းနေတာသိရင် IV calcium gluconate ထိုးပေးမယ်။  Calcium နဲ့ vitamin D ဗီတာမင်ဒီသောက်ဆေးပေးတယ်။ ၁-၂ လနေရင် ဆေးလျော့ပေးနိုင်သလား ကြည့်ရတယ်။

၎။ Thyrotoxic storm သိုင်ရိုတောက်စစ်မုန်တိုင်း။ Hyperthyroidism ခေါ် လည်ပင်းကြီးဟော်မုန်းများခြင်း Thyrotoxic crisis လို့လည်းခေါ်တယ်။ IV beta-blockers, propylthiouracil, sodium iodine နဲ့ steroids ဆေးတွေပေးရတယ်။

၅။ Injury to the Superior Laryngeal Nerve အာရုံကြောထိခိုက်ခြင်း။ ထိခိုက်မိတာများတယ်။ စကားပြောတာကို ထိခိုက်မယ်။ စကားပြောလေ့ကျင့်နည်နဲ့ကြိုးစားနိုင်တယ်။

၆။ Postoperative infection ရောဂါပိုးဝင်ခြင်း။ ပိုးသေဆေးနဲ့ ကောင်းပါတယ်။

၇။ Hypothyroidism ဟိုက်ပိုသိုင်းရွိုက်ဖြစ်ခြင်း။ သိုင်ရွိုက်ဂလင်းကို အကုန်လုံးထုတ်ရင်ဖြစ်တယ်။ ဟော်မုန်းဆေး ပေးနေရတော့မယ်။

တမြန်နေ့ကပဲ ကျွန်တော်ညီ အငြိမ်းစားဆေးရုံအုပ်ကြီးနဲ့ စကားပြောကြတယ်။ သူ့ကို လက်ထောက်ဆရာဝန်ဘဝမှာ ကျွန်တော်ကပဲ လည်ပင်းကြီးခွဲစိတ်နည်းလက်ထပ်သင်ပေးခဲ့တယ်။ သူခွဲပေးတဲ့လည်ပင်းကြီးလူနာတွေ အတော်ကိုများပြီ။ အခုတခါ သူကနေနောက်မျိုးဆက်ကို လက်ထပ်သင်ကြားပေးနေပါပြီ။ ကောင်းတယ်။ ဝမ်းသာတယ်။

• Hypoparathyroidism လည်ပင်ကြီး ခွဲပြီးသည့်နောက် (၂) https://doctortintswe.blogspot.com/2014/10/hypoparathyroidism.html
• Calcium အမျိုးသမီး၊ ကလေးနဲ့ ကယ်လ်စီယမ် https://doctortintswe.blogspot.com/2016/03/calcium.html
• Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
• Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁) http://doctortintswe.blogspot.com/2014/10/hypothyroidism.html
• Complications of Thyroid Surgery လည်ပင်းကြီးရောဂါ ခွဲစိတ်ကုသခြင်း http://doctortintswe.blogspot.com/2017/08/complications-of-thyroid-surgery.html
• Calcium (ကယ်လ်စီယမ်) https://doctortintswe.blogspot.com/2014/12/calcium.html

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး