Fortified biscuits စွမ်းအားမြင့်ဘီစကစ်

ဆရာ မင်္ဂလာပါခင်ဗျာ။ မင်နီသားပြီးပြထားသည့် ဘီစကစ်အကြောင်း အွန်လိုင်းမှ ရှင်းပြပေးပါရန် မေတ္တာရပ်ပါတယ် ခင်ဗျာ။ လေးစားခြင်းများဖြင့်။

Fortified biscuits စွမ်းအားမြင့်ဘီစကစ်ကို အိန္ဒိယအခြေစိုက် Britannia Industries ကုမ္ပဏီကထုတ်လုပ်တယ်။ တခြားလည်းရှိပါမယ်။ ထုတ်လုပ်ရောင်းချနေတဲ့ ဘီစကစ်မှာ သံဓါတ်နဲ့ တခြားဗီတာမင်တွေပါထည့်တယ်လို့ဆိုပါတယ်။ ကုမ္ပဏီအဆိုအရ ရည်ရွယ်ချက် နှစ်မျိုးနဲ့လုပ်တာလို့ဆိုပါတယ်။ အာဟာရချို့တဲ့တာကို ပိုမိုကောင်းမွန်စေဘို့နဲ့ တာရှည်ခံ စီးပွါးရေးမော်ဒယ်တခုလည်းဖြစ်ပါသတဲ့။

အိန္ဒိယမှာ အာဟာရချို့တဲ့သူတွေ များပါတယ်။ အထူးသဖြင့်ကလေးတွေ။ Tiger တံဆပ် စွမ်းအားမြင့်ဘီစကစ်ကို ၂ဝဝ၈ ခုနှစ် ဧပြီလကတည်းကထုတ်နေပါတယ်။ သူတို့နိုင်ငံမှာ ၅ နှစ်အောက်ကလေးတွေ ၃ ပုံ ၂ ပုံက သံဓါတ်ချို့တဲ့တယ်လို့ စွမ်းအားမြင့်ဘီစကစ်ထုတ်စဉ်က ကုမ္ပဏီ ဈေးကွက်ဒါရိုက်တာကဆိုပါတယ်။ သံဓါတ်နည်းရင် သွေးအားနည်းတယ်။

Tiger တံဆိပ်အပြင် MarieGold နဲ့ Milk Bikis တွဆိပ်တွေကိုလည်းအဲဒီကနေထုတ်တယ်။ နွားနို့ကနေလုပ်တဲ့ စားသောက်စရာတွေပါ ထုတ်တယ်။ တနှစ်မှာ ၃့၅ ယူနစ်ရှိတယ်။

United Nations World Food Programme (WFP) ကုလသမဂ္ဂအစားအသောက်ပရိုဂမ်ကနေ အဲဒီစွမ်းအားမြင့်ဘီစကစ် အိုင်ဒီယာကို ၂ဝဝဝ ခုနှစ်ကတည်းက စဉ်းစားစီစဉ်ခဲ့တာ ၂ဝ၁၁ မှာ Britannia နဲ့တွဲပြီး စတင်ခဲ့တယ်။ အဲလို ဂလူးကို့စ်ပါ ဘီစကစ် တန်ချိန် ၃၁ဝဝဝ ရှိသွားပါပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး