Kidney failure ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း

ဆရာရှင့်အသက် ၂၅၊ မပါ။ untrasound မှာ mild hydronephrosis လို့ပြောပါတယ်။ eGFR ရဲ့ အကျိုးသက်ရောက်မှုကို ပြောပြပေးပါရှင့်။ eGFR .194.3 (high) လို့သိရပါတယ်။ Urine RE ထဲက creatitine ရဲ့ rate ကိုလဲ သိချင်ပါတယ်ရှင့်။ renal failure ဖြစ်မဖြစ် ချင့်ချိန် ကြည့်ချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ခြင်းဆိုတာ တခြားနေရာတွေမှာ ရောဂါရှိရာကနေ ဖြည်းဖြည်းခြင်း ဆက်ဖြစ်တဲ့ ရာသက်ပန် ကျောက်ကပ်မကောင်းတော့ခြင်းဖြစ်တယ်။ ဆောရီး။ နာတာရှည်ကျောက်ကပ်ရေးဂါအရင်ဖြစ်တယ်။

End-stage renal disease (ESRD) ဆိုတာ နောက်ဆုံးအဆင့်ဖြစ်တယ်။ ဆောရီး။ ဆီးချိုကနေအများဆုံးဖြစ်တယ်။ ဒုတိယတရားခံက သွေးတိုး။ Autoimmune diseases အော်တိုအင်မြူရောဂါတွေဖြစ်တဲ့ lupus နဲ့ IgA nephropathy တွေကနေလည်းဖြစ်တယ်။ Polycystic kidney disease ခေါ်မွေးရောပါရောဂါနဲ့ Nephrotic syndrome နဖရောတစ် ဆင်ဒရုမ်းရောဂါတွေအပြင် ဆီးလမ်းရောဂါတွေကနေလည်း ဆက်ဖြစ်နိုင်တယ်။

Acute renal failure ဆိုတာက ရုတ်တရက် (၂-၃ ရက်အတွင်း) ဖြစ်တာမျိုး။ Heart attack နှလုံးရောဂါ၊ Illegal drug use မူးယစ်ဆေးသုံးစွဲခြင်း၊ ကျောက်ကပ်ဆီသွေးလုံလောက်အောင်မလာခြင်းနဲ့ ဆီးလမ်းရောဂါတွေကနေဖြစ်စေနိုင်တယ်။

Chronic kidney disease (CKD) နာတာရှည် ကျောက်ကပ်ရောဂါလက္ခဏာများ
ယားခြင်း၊ ကြွက်သားတွေနာခြင်း၊ ပျို့အန်ခြင်း၊ မဆာခြင်း၊ ခြေထောက်ရောင်ခြင်း၊ ဆီးနည်းခြင်း၊ အသက်ရှူမကောင်းခြင်းနဲ့ အိမကောင်းခြင်းတွေဖြစ်တယ်။

ရုတ်တရက် ကျောက်ကပ်မကောင်းခြင်း ရောဂါလက္ခဏာများ
ဗိုက်နာခြင်း၊ ကျောနာခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်ပူခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ အရေပြားအနီကွက်ပေါ်ခြင်း၊ အန်ခြင်း။

Kidney function tests ကျော်ကပ်အလုပ်စစ်ဆေးခြင်း

၁။ BUN (Blood urea nitrogen)
The normal result is generally 6 to 20 mg/dL.

၂။ Creatinine - blood
Creatinine blood test
A normal result is 0.7 to 1.3 mg/dL for men and 0.6 to 1.1 mg/dL for women.

၃။ Creatinine urine test
Urine creatinine (24-hour sample) values can range from 500 to 2000 mg/day. Results depend on your age and amount of lean body mass.
14 to 26 mg per kg of body mass per day for men
11 to 20 mg per kg of body mass per day for women

၎။ Creatinine clearance test
Normal values are:
Male: 97 to 137 mL/min (1.65 to 2.33 mL/s).
Female: 88 to 128 mL/min (14.96 to 2.18 mL/s).

ကုသနည်းများ
ESRD ဖြစ်လာရင်တော့ Dialysis ကျောက်ကပ်ဆေးတာနဲ့ Kidney transplant ကျောက်ကပ်အစားထိုတာလုပ်ရမယ်။

Hydronephrosis ဟိုက်ဒရိုနဖရိုးဆစ် ကျောက်ကပ်ရောဂါ https://doctortintswe.blogspot.com/2016/12/hydronephrosis.html

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး