Laughing when tickled ကလိထိုးရင် ဘာလို့ရယ်ချင်သလဲ

ကိုယ်ခန္ဓာရဲ့ တချို့နေရာတွေကအရေပြားကို မထိတထိကလိလိုက်ရင် ရယ်ချင်ကြတယ်။ ဘာလို့လဲဆိုတော့ အရေပြားရဲ့ ထိပ်ဆုံးအလွှာ အပီဒါးမစ်မှာရှိတဲ့ အာရုံကြောတွေက ဦးနှောက်ဆီကို လျှပ်စစ်အချက်ပြပေးပို့လို့ ဖြစ်ပါတယ်။ ဦးနှောက်ထဲက Somatosensory cortex နေရာကနေ ဖိအားကိုသိလာမယ်။ နောက် Anterior cingulated cortex နေရာကနေ အချက်ပြမှုတွေကိုသုံးသပ်ပါတယ်။ ဒီနေရာတွေက Pleasurable feelings သာယာမှုခံစားချက်ကို ရစေတယ်။

ဖြေးဖြေးပြောင်းလဲဖြစ်စဉ် ဇီဝဗေဒပညာရှင်တွေနဲ့ အာရုံကြောသိပံ္ပပညာရှင်တွေက ယုံကြည်ကြတာက ကလိထိုးခံရသူဟာ ဦးနှောက်ရဲ့ ဟိုက်ပိုသဲလ်မတ်စ်နေရာကနေလဲ နာကျင်မှုဆန်တဲ့ခံစားမှုကို သိလာတယ်လို့ဆိုကြပါတယ်။

အထိမခံချင်တဲ့နေရာတွေဖြစ်တဲ့ ချိုင်း၊ လည်ချောင်းနား၊ ခြေဖဝါးနား (မှတ်ချက်၊ သတင်းထဲမှာ ကျွန်တော်တို့လူမျိုးတွေ အများဆုံးယားတတ်တဲ့ ခါးနေရာမပါပါ) နေရာတွေက ကာကွယ်ရေး လုပ်ကြလို့ဖြစ်ပါတယ်။ အဲလိုနေရာတွေကို မထိတိ အထိခံရရင် ကျနော်-ကျမတော့ နှိပ်စက်တာခံနေရပါပြီလို့ အချက်ပြပို့ပါတယ်။ ကိုယ်ခန္ဓာတောင့်တင်းလိုက်ပြီး မနာရအောင် ကာကွယ်ရေးလုပ်လာပါမယ်။

ဂေါ်ရီလာတွေကလဲ လူတွေလိုရယ်တယ်။ ကြွက်တွေကလဲ အတူတူပေမဲ့ 50kHz သာရှိလို့ လူတွေကမကြားရပါ။

ဒါဖြင့် ကိုယ့်ဖါသာကော ကလိထိုးလို့မရဘူးလား။ ဦးနှောက် အောက်နဲ့ နောက်နားမှာရှိတဲ့ ဆယ်ရီဘယ်လမ်ကနေ အဲတာ မင့်ဟာမင်းလုပ်နေတာ အချိန်ကုန်ခံမနေနဲ့လို့ အသိပေးလို့ မရယ်ချင်တာဖြစ်ပါတယ်။ Smile!

မှတ်ချက်။ ဒီဆေးသုတေသနသတင်းထဲမှာ ကျွန်တော်တို့လူမျိုးတွေ အများဆုံးယားတတ်တဲ့ ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်ဆိုတဲ့ ခါးနေရာမပါပါ။ သုတေသနလုပ်ရင်ကောင်းမယ်။

ဒေါက်တာတင့်ဆွေ
၉-၁၁-၂ဝ၁၄
၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး