Lordosis လော်ဒိုးဆစ် ခေါ် ခါးနာရောဂါတမျိုး

ဆရာ သမီးခါနာတာတနှစ်ကျော်ပါပြီ။ ဓါတ်မှန်ရိုက်ပြီး ဆေးသောက်တာကြာနေပါပြီ။ (Lindac - Sulimdac BP 100 mg) ဆေးကို တနေ့နှစ်လုံးသောက်ခိုင်းပါတယ်ရှင့်။ အဲလိုအကြာကြီး သောက်ရတဲ့အတွက် ဘေးထွက်ဆိုးကျိုးကို သိချင်ပါတယ်ရှင့်။ နောက်ပြီး သမီးအလုပ်က အထိုင်များပါတယ်။ ရုံးမှာတနေ့လုံးကွန်ပျုတာသုံးရပါတယ်။ ညနေဘက်ဆို ခါးကအရမ်းနာပါတယ်။ ခါးတပြင်လုံးနာတာပါ။ ကြာကြာလမ်းလျောက်ရင်လည်းနာပါတယ်။ နောက်ပြီး X-ray အဖြေကိုလည်း တိတိကျကျသိချင်ပါတယ်။ သမီးနာတာရှည်ဖြသ်မှာလည်း ကြောက်ပါတယ်။ ရုံးမှာထိုင်ရင်လည်း သတိထားပြီး မတ်မတ်ထိုင်ပါတယ်။ အိပ်ရင်လည်း ခေါင်းအုံးမပါဘဲ ပက်လက်အနေအထားနဲ့အိပ်ပါတယ်။ အောက်ခံအခင်းကလည်း မာပါတယ်။ အရမ်းနာတဲ့ရက်မျိုးဆို ရေနွေးအိပ်ကပ်ပါတယ်။ ခဏပဲသက်သာပြီး ပြန်ဖြစ်ပါတယ်ဆရာ။ သမီးဘာဆက်လုပ်သင့်ပါသလဲ၊ ဆေးကိုရပ်ထားသင့်ပါသလား။ ဆရာဝန်ကိုတော့ ရန်ကုန်ပြန်မှ ပြန်ပြဖြစ်ပါတယ်၊ ခုမပြတာတော်တော်ကြာနေလို့ပါ။

ဓါတ်မှန်အဖြေ
• ပုံမှန် လော်ဒိုးဆစ် မရှိ။
• အရိုးအနေအထား ကောင်း။
• ခါးရိုးဆစ် နံပါတ် ၅ နဲ့ တင်ရိုး ၁ မှာ အရိုးကြားအရွတ် အနည်းငယ် ကျဉ်း (သေး) နေတယ်။
• အရိုး အတွင်းသား ပုံမှန်အတိုင်းအတာအတွင်းမှာရှိသည်။

လူတွေမှာ လည်ပင်းနေရာနဲ့ ခါးနေရာမှာ ဘေးတိုက်ကြည့်ရင် ရှေ့ဖက်ဆီကို ကော့နေရတယ်။ အရွယ်ရောက်ချိန်မှာ ပိုသိသာလာတယ်။ အရိုးလေးတွေကြားမှာရှိတဲ့ အရိုးနုပြားလေးတွေရဲ့ အထူဟာ ရှေ့ကပိုပါးနေတယ်။

Lordosis ကို Swayback ခါး နောက်ဘက်ကိုကော့နေတယ်လို့လဲ ပြောကြတယ်။ ပိုကော့-ကောက်နေတယ်။ ဘေးကနေ ကြည့်ရင် သိသာတယ်။ (စီ) ပုံဖြစ်နေမယ်။ ဗိုက်နဲ့ တင်ကလဲ ပိုထွက်နေမယ်။ ပက်လက်အိပ်ပြီး ခါးအောက်ကို လက်ဝါး သွင်းကြည့်ရင် နေရာပိုများနေတာတွေ့ရမယ်။

လော်ဒိုးဆစ် ခါးရောဂါတမျိုး ဖြစ်စေတဲ့အကြောင်းတွေ -
1. Posture အနေအထိုင်မကောင်းခဲ့လို့ဖြစ်နိုင်တယ်။
2. Achondroplasia လူပုတွေမှာဖြစ်တဲ့ အရိုးပုံမှန်ကြီးထွားမှုမဟုတ်တဲ့ရောဂါ၊
3. Spondylolisthesis အရိုးကျွံခြင်း၊
4. Osteoporosis အများဆုံးဖြစ်တဲ့ အရိုးအားနည်းရောဂါ၊ အမျိုးသမီးတွေ အသက် ၃ဝ ကျော်ရင်စပြီး သွေးဆုံးရင် အဖြစ်များတယ်။
5. Obesity လူအဝလွန်တာ၊
6. Kyphosis ရင်ခေါင်းပိုင်းနေရာ ပုံမှန်မဟုတ်ဖြစ်ခြင်း၊
7. Discitits ပိုးဝင်လို့ အရိုးကြား အရိုးနုရောင်ခြင်း၊
8. Benign juvenile lordosis ကလေးတွေမှာဖြစ်တဲ့ ရောဂါတွေလဲရှိတယ်။
9. Excessive lordotic curvature အလွန်အကျွံခါးဖြောင့်နေခြင်း ဆိုတာလဲရှိသေးတယ်။

ဘယ်လိုခစားရမလဲ - ခါးနာမယ်။ အသင့်အတင့်ကနေ ဆိုးနိုင်တယ်။ တချို့မှာ နာယုံမကဘဲ အောက်ပိုင်း ထုံ-ကျင်တာလဲ ခံစားရတတ်တယ်။ ဆီး-ဝမ်းသွားရတာလဲ ခက်ခဲနိုင်တယ်။

ကုသနည်းတွေ -
• Medication နာတာနဲ့ ရောင်နေတာအတွက်ဆေး၊
• Physical therapy ဖီဇီကယ်လ်ကုသနည်း၊
• Yoga ယောဂကျင့်နည်း၊
• Weight loss ကိုယ်အလေးချိန်ချနည်း၊
• Surgery ဆိုးနေသူတွေကို ခွဲစိတ်နည်း။
• ခါးမှာဖြစ်တာကို တင်ပါးဆန့်ကြွက်သားတွေကို ပေါင်နောက်ဖက်ဆီ ဆွဲဆန့်နည်းနဲ့ တင်ပါးကွေးကြွက်သားတွေကို ပေါင်ရှေ့ဖက်ဆီဆွဲဆန့်ပေးနည်းလုပ်ပေးရတယ်။ ဗိုက်ကြွက်သားတွေက ပုံမှန်မှာ ဘယ်ဘက်ကိုမှ မယိမ်းဘဲ ရှိနေဘို့ လိုအပ်တယ်။ ဖီဇီကယ်လ်သာရာပီကနေ အကောင်းဆုံးလုပ်ပေးနိုင်တယ်။
• Lindac - Sulimdac BP 100 mg ဆိုတာ Sulindac ဖြစ်ပါမယ်။ NSAID အုပ်စုဝင် အနာ-အဖျား-အရောင် သက်သာဆေးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေက ထုံးစံအတိုင်းရှိတယ်။ လူတိုင်းကိုတော့ မဖြစ်စေပါ။ အစာလမ်းကြောင်းကို သက်ရောက်နိုင်တယ်။ ပျို့-အန်ချင်၊ ဗိုကနာ၊ အစာလမ်းရောင်၊ သွေးယို၊ အသဲနဲ့ ကျောက်ကပ်ကို သက်ရောက်၊ အစာအိမ်နာဖြစ်။ အလာဂျီ၊ ပန်းနာရှိသူတွေ သတိထားသောက်ရမယ်။
• အနာသက်သာဆေးလဲသောက်ပါ။ အနေအထား၊ အနေအထိုင်လဲ ပြုပြင်ပါ။ လေ့ကျင့်ခန်းလဲလုပ်ပါ။ လူမဝစေနဲ့။ ကယ်လ်စီယမ် + ဗီတာမင် (ဒီ) တနေ့ ၁ ပြားသောက်ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၄
၂၃-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး