Not Politics ပြင်ရင် မမှားတော့

ရခိုင်အရေးသည် နိုင်ငံရေးမဟုတ်၊ အကြမ်းဖက်မှုဖြစ်သည်လို့ အင်္ဂလိပ်လိုရေးတဲ့ ဗိုင်းနယ်လ် (Vinyl ဗီနိုင်း မဟုတ်) ကို မနေ့က တယောက်ကမေးလို့ အမှား ၂ ခုဖြေလိုက်တယ်။ အခုတနေရာမှာ ဓါတ်ပုံတွေ့တော့ အင်္ဂလိပ်လိုရခိုင်ရေးတာ မှားနေသေးတယ်။ အင်္ဂလိပ်သဒ္ဒါပါ စဉ်းစားရင် တခုလိုသေးတယ်။ နိုး ပေါလစ်တစ်လို့ရေးတာလည်းရတော့ရပါတယ်။ နိုင်ငံရေးအလိုမရှိဖြစ်မယ်။ နော့ ပေါလစ်တစ်ဆိုမှသာ နိုင်ငံရေးမဟုတ်ဖြစ်တယ်။

ကျွန်တော်တို့တတွေ အိန္ဒိယမှာ ဆန္ဒပြပွဲပေါင်းမြောက်မြားစွာလုပ်ခဲ့ကြတယ်။ ပလေကတ်တွေ ဘင်နာတွေမှာ အင်္ဂလိပ်တချို့ မြန်မာလိုတချို့ရေးကြရတယ်။ ဓါတ်ပုံသတင်းထောက်တွေက မှားရေးထားတာမျိုးကို မျက်စိကျတယ်။ ဆန္ဒပြပွဲမစခင် မှားရေးထားတာတွေ အရင်လိုက်စစ်ရတယ်။ အမှားကိုပြင်တော့ နောင်မှာ အမှားနည်းနည်းလာတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး