Sweet Words ဗမာလို ဘိုလို နှုတ်ချိုချို

မြန်မာစကားနဲ့ အင်္ဂလိပ်စကား ထပ်တူပြုလို့ မသင့်တာတွေရှိတယ်။ ကျွန်တော်က မင်္ဂလာပါလို့ မပြောဖူးပါ။ မရေးဖူးပါ။ ကောင်းသောမနက်ခင်းပါလို့လည်း မသုံးပါ။ ဆောရီးလို့တော့ ပြောလည်းသလို ရေးလည်းရေးနေတယ်။ သင့်ခယူလို့ အင်္ဂလိပ်လိုပြောပေမယ့် ဗမာလိုမရေးပါ။

အိပ်မက်ချိုချိုလို့တော့ တခါမှ ဘာသာမပြန်ဖူးပါ။ ဆွိဒရင်းမ်လို့ အင်္ဂလိပ်စာလုံးနဲ့ရေးပါတယ်။ ရင်းနှီးတဲ့သူကနေ အဲလိုရေးလာရင် မနက်ရောက်တော့ ဆီးချိုစစ်ပါလို့ပြန်ရေးတယ်။ Smile!

အကြောင်းသိပြီးသားသူတွေကိုတော့ တဆင့်တက်ပြီး၊ အင်စူလင်ဒရင်းမ်လို့ ရေးလိုက်တယ်။ အင်စူလင်ဆိုတာ ဆီးချိုအတွက် ထိုးဆေး။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နှုတ်ချိုကြပါစေ၊ ဆီးချိုဘေးကဝေးကြပါစေ။ မြန်မာစာတတ်ကြပါစေ။ အင်္ဂလိပ်စာတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၅
၂၆-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး