Thick Blood သွေးပျစ်ခြင်း

ဆရာခင်ဗျား ကျွန်တော်က အသက် (၂၉) နှစ် လူပျိုပါ။ အခု ကျွန်တော် ကိုယ်လက်လှုပ်ရှားမှုနည်းနည်းလေးများသည်နှင့် ရုတ်တရတ် မောပြီး နှလုံးခုန်မြန်ပါသည်။ ဘယ်ဘက်ရင်အုံအောက်ဘက်မှလည်း ပူအောင့်ပါသည်။ ဖြစ်တာက တနှစ်ကျော်လောက်ပေမယ့် အခုတလောတွင်မှ ပိုဆိုးလာပါသည်။ ယခင် ဆေးခန်းပြဖူးစဉ် ဆရာဝန်မှ သွေးပျစ်သည်ဟု ဆိုကာ သွေးနှစ်ကြိမ် ဖေါက်ဖူးပါသည်။ ကျွန်တော်ခံစားရသော ဝေဒနာသည် နှလုံးရောဂါလား သိချင်ပါတယ်ခင်ဗျာ။ ဆေးကုသမှုခံယူရင်ရော ပျောက်ကင်းနိုင်ပါသလား ခင်ဗျာ။ ဆောင်ရန်၊ ရှောင်ရန်တို့အားလည်း သိလိုပါသည်ခင်ဗျာ။

သွေးပျစ်ရောဂါကို Hypercoagulability လို့လည်းခေါ်တယ်။ Antiphospholipids လို့လည်းခေါ်တယ်။ Hughes Syndrome လို့လည်းခေါ်တယ်။ သွေးပျစ်နေရင် သွေးခဲစနစ်ကိုထိခိုက်စေတယ်။ အောက်စီဂျင် သယ်ယူပို့ဆောင်ကိုလည်း ထိခိုက်စေတယ်။ အာဟာရဓါတ်တွေနဲ့ ဟော်မုန်းတွေသယ်ပို့တာကိုလည်း ထိခိုက်စေတယ်။ အဲတာကြောင့် ရေရှည်မှာ အာဟာရနဲ့ ဟော်မုန်းမညီမျှမှုတွေဖြစ်လာစေနိုင်တယ်။ ဆောရီး။ Thrombin ဆိုတာသွေးခံစနစ်မှာအဓါကကျတယ်။

ဘာတွေခံစားရမလဲ
သွေးထုတ်ယူကြည့်ရင် အမြင်အရပျစ်နေမယ်။ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်တာ နှေးနေမယ်။ အာဟာရနဲ့ ဟော်မုန်း နည်းနေတာတာဖြစ်မယ်။ အမျိုးသမီးဆိုရင် ကိုယ်ဝန်အလိုလိုပျက်တာတွေဖြစ်နိုင်တယ်။ Chronic Fatigue Syndrome နာတာရှည်အားနည်းခြင်း၊ မှိုပိုးဝင်ခြင်းနဲ့ Irritable Bowel Syndrome ခေါ် ဝမ်းမငြိမ်တာတွေဖြစ်တတ်တယ်။

ကူးစက်ရောဂါပိုးတွေဝင်ခံရရင် ခုခံတိုက်ဖျက်မှု အားနည်းမယ်။ နှလုံးကဝန်ပိုလုပ်ပေးနေရမယ်။ နှလုံးအတက်ရတာနဲ့ ဆထုပ်ခေါ် လေဖြတ်တာဟာ ကိုလက်စထော ခေါ် မသင့်တဲ့အဆီဓါတ်ကြောင့်ထက် သွေးပျစ်လို့ဖြစ်တာကပိုတယ်။

ဘာလို့ဖြစ်သလဲ
အသားဖြူလူမျိုးတွေမှာ အသားမည်းတွေထက်ပိုဖြစ်တယ်။ မျိုဗီဇချု့ယွင်းချက်ရှိတယ်။ ရောဂါပိုးတွေကနေ ဖြစ်စေသလား စဉ်းစားရတယ်။ Soluble fibrin monomer (SFM) ခေါ် သွေးခဲစေတဲ့ဓါတ်ဆိုတာ သွေးကြောခေးတွေမှာရှိတယ်။ အလေးစားသတ္တု အဆိပ်သင့်ရင် အဲတာနည်းနေမယ်။ စိတ်ဖိအားများတာကြောင့်လည်းဖြစ်သလား စဉ်းစားရတယ်။

ကိုယ်တိုင်ပြုပြင်နေထိုင်နည်း
ဗီတာမင်တွေနဲ့ ဓါတ်ဆားအားဆေးသောက်သင့်တယ်။ မက်ဂနီဆီယမ်အားဆေးသောက်သင့်တယ်။ ဗီတာမင်စီနဲ့ ဘီ-၁၂ လည်းပေးတယ်။ အိုမီဂါသရီးလည်းပေးတယ်။ Flaxseed ခေါ်နှမ်းတမျိုးသင့်တယ်။ Saturated fats ခေါ် ပြည့်ဝဆီ သင့်တယ်။ စားအုန်းဆီမှာပါတယ်။ ဆန်လုံးညိုသင့်တယ်။ ပန်းသီးသင့်တယ်။ မသင့်တဲ့ အစားအသောက်တွေရှိတယ်။ သကြား၊ ဒိန်ခဲ။ ကေဖင်း များခြင်း။ ကာဗွန်ထည့်အရည်များ။ တည်ချဉ်များ။ ဟင်းချိုမှုန့်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ ကောင်းတယ်။ ရေ-အရည်များများသောက်ပါ။ Salicylates ဆေးမသင့်ပါ။

သွေးကျဲဆေးတွေပေးတယ်။ Heparin ဟက်ပရင်၊ Warfarin ဝါဖရင်နဲ့ Aspirin အက်စပရင်။

1. Hemoglobin E ဟီမိုဂလိုဗင် (အီး) http://doctortintswe.blogspot.com/2017/05/hemoglobin-e.html
2. High hemoglobin သွေးအားများရောဂါ http://doctortintswe.blogspot.com/2014/12/hgb.html
3. High platelets သွေးမှုံများနေခြင်း http://doctortintswe.blogspot.com/2016/01/high-platelets.html
4. Polycythemia သွေးနီဥများခြင်း http://doctortintswe.blogspot.com/2016/03/polycythemia.html
5. Purple mangosteen မင်းဂွတ်သီးဆေး http://doctortintswe.blogspot.com/2014/12/purple-mangosteen.html

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး