Youtube life-saving videos not reliable

ယူကျုပေါ်မှာ ဒေါင်းလုတ်လုပ်နိုင်တဲ့ အသက်ကယ်တာနဲ့ဆိုင်တဲ့ ဗီဒီယိုတွေရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းကရှိတဲ့ အဲတာတာတွေကို တူရကီ ဆေးသုတေသနပညာရှင်တွေက ဆန်းစစ်တယ်။ အဲလို အသက်ကယ်နည်းတွေထဲမှာ (၁) Cardio-pulmonary Resuscitation (CPR) ခေါ်တဲ့ နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်စေနည်းနဲ့ (၂) Basic Life Support (BLS) အခြေခံအသက်ထောက်ကူနည်းတွေ ပါဝင်ပါတယ်။ စုစုပေါင်း ၂ဝ၉ ခုရှိတယ်။ အားလုံးထဲက ၁၁့၅% ကသာ CPR Guideline လမ်းညွှန်နဲ့ကိုက်ညီတယ်လို့ တွေ့လာရတယ်။

အင်တာနက်ကနေရတဲ့ပုံတွေပြပြီး ကျနော်-ကျမမှာ အဲလိုဖြစ်နေလို့ပါမေးတာတိုင်းကို မဖြေပါ။ ယူကျုက ဗီဒီယိုတိုင်းကို မညွှန်ပါ။

CPR လုပ်နည်းပုံမှာ အမျိုးသမီးတယောက်ကို ရွယ်တူအမျိုးသားတယောက်က အသက်ကယ်အနမ်းနည်းလုပ်ပြနေတယ်။ တကယ့်အဖြစ်အပျက်တွေက အဲလိုမဟုတ်ပါ။ သားဖွါးခန်းမှာ ညစ်ပေနေတဲ့ အသက်မရှူနိုင်တဲ့ ကလေးကို နှာခေါင်းစည်း ကဗျာကယာချွတ်ပြီး အသက်ကယ်ရပါတယ်။

CPR နှလုံး-အဆုတ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း https://doctortintswe.blogspot.com/2015/06/cpr.html
CPR for newborn babies မွေးကာစကလေး CPR လုပ်ပေးနည်း https://doctortintswe.blogspot.com/2015/06/cpr-for-newborn-babies-cpr.html

ဒေါက်တာတင့်ဆွေ
၁-၉-၂ဝ၁၄
၁-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး