ဒါပေမဲ့

ဆရာခင်ဗျား ဒါပေမယ့်လား၊ ဒါပေမဲ့လား မကွဲပြားလို့ပါ။

အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။ သို့သော်လည်း၊ ဒါဖြစ်သော်လည်းကို စကားအရသုံးတာ ဖြစ်ပါမယ်။

မဲ့
ငိုမဲ့မဲ့
မထီမဲ့မြင်
မရှိမဲရှိမဲ့
မိဘမဲ့
မဲ့ = မရှိ
မဲ့ခွက်ခွက်
မဲ့ပဲ = ကာကွယ်သည်
မဲ့မဲ့ယွဲ့ယွဲ့
မဲ့ပြုံး
မျက်နှာမဲ့
ရှုံ့မဲ့မဲ့
သစ္စာမဲ့
အတူမဲ့ပြီး
အကြွင်းမဲ့
အမှတ်တမဲ့
အမှတ်မဲ့

ဒါ
ကာလီဒါသ
ဒါနပြုသည်
ဒါယကာ
ဒါယိကာမ
ဒါနောရက္ခိုသ်

မယ့်လို့လည်း မရှိ။ မယ်၏ကို မယ့်လို့ရေးတယ်။ မယ်လို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နု၊ မယ်တော်၊ မယ်သီလရှင်၊ အမယ်မင်း၊ အမယ်အို၊ အမယ်ကြီး၊ မယ်မင်း၊ မယ်ခွေ၊ လူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာ၊ မယ်စကြာဝဠာ၊ မယ့်တကိုယ်စသဖြင့်ရေးကြပါတယ်။

အဲတာကြောင့် ဒါပေမဲ့က ပိုသင့်မလား စဉ်းစားမိတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး