ကံ ကမ် ကန်

မင်္ဂလာပါဆရာ မြန်မာစာအရေးအသားမှာ ကံ ကမ် ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ ရှင်ဥက္ကဌ စာအုပ်မှာ ကမ်လို့ သုံးထားလို့ပါခင်ဗျာ

ကမ်
ကမ္ပလာ = အထည်အလိပ်
ကမ္ပသီး (ဝိနည်း)
ကမ္ပလွေ = စာပုလွေ
ကမ္ဗည်းတံ = ဝါးခြမ်းဖြင့်ပြုလုပ်ထားသောစာရေးတံ
ကမ္ဗည်းထိုး
ကမ္ဗည်းလိပ်
ကမ္မ
ကမ္မဋ္ဌာန်း
ကမ္မကထ
ကမ္မစန်း = ဗေဒင်
ကမ္မစုကတ် = ဗေဒင်
ကမ္မဇ = ကံကြောင့်ဖြစ်သော
ကမ္မဇကလာပ်
ကမ္မဇရုပ်
ကမ္မဇလေလှုပ်သည်
ကမ္မပစ္စည်း
ကမ္မလလေ = လေရောဂါ
ကမ္မဝါ
ကမ္မဝါစက
ကမ္မဝါဒီ
ကမ္မဿ
ကမ္ဘာ
ကမ္ဗောဇကျမ်း = ဆင်ကျမ်း
ကမ္ဗောဇတိုင်း

ကံ
ကံကိုယုံ၍ ဆူးပုံနင်းသည်
ကံကုန်
ကံချာကစား
ကံစွပ်ကံညား
ကံဇာတာ
ကံထိုက်
ကံကြမ္မာ
ကံပြင်းပင်
ကံမြင့်သည်
ကံမြစ် (ဆုံးမ)
ကံသုံးပါး
ကံသီ
ကံအကျိုး
ကံအားလျော်စွာ
ကံကျွေးချ
ကံကျွေး
ကံကောင်းလို့
ကံဆောင်သည်
ကံသေကံမ
ကိုယ့်ထိုက်နှင့်ကိုယ့်ကံ
ကုသိုလ်ကံ
ပရိကံ
ကြီးလေးသောကံ
ဘုန်းကံ
မနောကံ
ပြည့်ကံကျွေး
လူတန် ကံချ (လူမတန် ကံချ)
ဝဇကံ
ဝတ္ထုကံမြေ
အကုသိုလ်ကံ
အဟောသိကံ
ဥပစ္ဆေဒကကံ
စေတနာကံ

ကန်
ရုန်းကန်
ကန်စွန်းပင် (ကစွန်းပင်)
ကန်ဆင်းမိုး
ကန်ထရိုက်
ကန်ကြိုးဆက်ချည်
ကန်ဖျားရွာ
ကန်ရာသီ
ကန်ရာသီ
ကန်သင်းရိုး
ကန်ကျောက်
ကန်တော့
ကန်တော့ဆွမ်း
ကန်တော့ပွဲ
ကန်တော့သည်
ကန်ပေါင်
ကမ္ပည်းကန်
ကျားကန်
ကန္တာရ
စုံကန်
ဆင်ခြေကန်
ဆုတ်ကန်ကန်
တဖက်ဆည်ကန်
တွန်းကန်
ထမ်းပိုးလှင်ကန်
နယ်ကန် (ရက်ကန်းသုံး)
ပန်းကန်ပြား
ပါဠိပါကန်
ပုတ်တလုတ်ကန်
ပုန်ကန်
မဆံ့ရင်ကန်
မရကန်ပင်
မှန်ကန်
မနိုင်ရင်ကန်
ယက်ကန်ယက်ကန်
ရတုရကန်
လက်ဆည်ကန်
ဝင်္ကန္တဉာဏ်
သရုပ်သကန်
သက်သေသက်ကန်
သစ်ပကန်ပင်
သူပုန်သူကန်
သူရကန်ကျောက်
သဘောသကန်
အနေကန်
အကြောက်အကန်ပြော
ဧကန်
ဧကန္တ
ဧကန္တာရခရီး
ဧဝကန်။
ကျောက်ကန်
ကျောင်းကန်
သွေးဆေးကန်
စော်ဘွားစော်ကန်
ညောင်ကန်ကြက်
ထော်မိုင်းထော်ကန်
ပေယျာလကန်
ဖောင်းကန်အိုး
ကြွေပန်းကန်
ကြောက်ကန်ကန်
ရေကန်
ရေလှောင်ကန်
လေးကန်
လှေပင့်ကန်
လောကန္တရိက်ငရဲ
လျော်ကန်
နှေးကန်

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး