လှည့် နဲ့ လှဲ့

ဆရာခင်ဗျာ ပို့စ်နဲ့မဆိုင်တာလေး မေးပါရစေ။ လှဲ့ (သို့) လှည့် ဘယ်ဟာ အမှန်လဲဆရာ။

မေးတဲ့သူပို့တဲ့ပုံက ဒေါက်တာသန်းထွန်းရဲ့ နယ်လှဲ့ရာဇဝင်စာအုပ်အဖုံးဖြစ်တယ်။ နယ်လှည့်ရာဇဝင်လို့ပါ ထုတ်ဝေတာ တွေ့ရတယ်။ မူရင်းသတ်ပုံတော့ မသိပါ။ ဒေါက်တာသန်းထွန်းက သူ့မူနဲ့သူရေးပါတယ်။ ကျွန်တော်က ပြီလို့ ပြောနေတာမှာ ဒေါက်တာသန်းထွန်းက ပီလို့ရေးတယ်။ ပုကံလို့ရေးတယ်။

မြန်မာစာသတ်ပုံစနစ်မှာ လှဲ့လို့မရှိပါ၊ ဒါပေမဲ့ ရေးကြပါတယ်။ မှားတယ်လို့ မပြောနိုင်ပါ။

စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတလှည့်ကြုံရ၊ ထုံးနဲ့မသွေ၊ လောကဓမ္မတာပေ၊ ငါတို့ကံခေ၊ ဖြစ်ရပြန်သလေ၊ (တို့ဗမာသီချင်း)

လှည့်
နားလှည့်ပါ၊
ပုံလုံတလှည့် ငါးတလှည့်၊
ကြည့်လှည့်ပါ၊
မှန်ကင်းတလှည့် ထင်းတလှည့်၊
မျက်လှည့်ဆရာ၊
လှည့်စားသည်၊
လှည့်ပတ်သည်၊
လှည့်ဖြားသည်၊
လှည့်လည်သည်၊
လာလှည့် ရှုလှည့်၊
လူပျိုလှည့်သည်၊
သဌေးတလှည့် ခွေးတလှည့်၊
အလှည့်အပတ်၊

စာရေးသူတွေ မူလရေးခဲ့တဲ့သတ်ပုံတွေကို နောက်လူတွေက လိုသလိုပြင်ကြတာ မလျှော်ပါ။ စော်ကားရကျတယ်လို့ ထင်ပါတယ်။ ပြင်တဲ့သူတွေက အရင်ဆရာတွေ ဆရာတော်တွေထက် တော်ာကတယ်လို့ မထင်ပါ။ ညံ့ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၆
၂၆-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး