မြန်မာစာညံ့တဲ့သူ အင်္ဂလိပ်စာတော်ပါသလား

သတ်ပုံတွေကို ဂရုမစိုက်နိုင်တာက အင်္ဂလိပ်စာလေ့လာနေရလို့ပါလို့ ပြောကြတယ်။

အလွယ်ရေးရလို့ပါလို့ ဆင်ခြေပေးတယ်။ ဘယ်ဟုတ်မလဲ သူတို့ရေးတာက ပိုတောင်ခက်အောင်ရေးရတာတွေ။

တစ်ခါတစ်ရံတဲ့။ ရေးတော့အမှန် ဖတ်တော့အသံတဲ့။ ဘယ်ကလာ ဟုတ်ရမှာလဲ။ ရေးတော့ တလွဲ၊ ဖတ်တော့အမှား။

ခေတ်တဲ့ လာသေးတယ်။ ပြောကျိတဲ့။ တိဘူးတဲ့။ ရှယ်ပြဇေတဲ့။ ဘယ်ဟုတ်မလဲ စကားမပီတာကို မပီတဲ့အတိုင်းရေးတာ။

ဖေ့စ်ဘွတ်ပေါ်လာခြင်းသည် မြန်မာပြည် မပီတာတွေကို လူတကာသိအောင် အထုပ်ဖြေပြရာရောက်စေသည်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး