ဖုံး ဖုန်း ဘုန်း ဘုံး ဗုံး

မင်္ဂလာပါဆရာ မြန်မာစာအရေးအသားမှာ ဘုန်းကြီး ဖုန်းကြီး ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ ရှင်ဥက္ကဌ စာအုပ်မှာ ဖုန်းကြီးလို့သုံးထားတယ်။


ဘုံးဆန်လား ဗုံးဆန်လားဆရာ

ခုခေတ်မှာ ဗုံးဆံလို့ ရေးလာပါတယ်။ အရင်က (ဘ) (ဗ) (ဖ) အသုံးတွေက ခုခေတ်နဲ့ နည်းနည်းမတူတာတွေရှိတယ်။ မူရင်းသတ်ပုံကိုတော့ ကိုယ့်အထင်နဲ့ လိုက်မပြင်သင့်လို့ ယူဆပါတယ်။

၁။ မင်္ဂလာပါဆရာ မြန်မာစာအရေးအသားမှာ ဘုန်းကြီး ဖုန်းကြီး ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ ရှင်ဥက္ကဌစာအုပ်မှာ ဖုန်းကြီးလို့သုံးထားတယ်။

၂။ ဖုန်းလား ဖုံးလား ဆရာ

ဗုံးကြဲ
ဗုံးဆံ
ဗုံးပေါလအော
ဗုံးခိုကျင်း
ဗုံးလက်နက်
လက်ပစ်ဗုံး
အနုမြူဗုံး (အဏုမြူဗုံး)
ဗုံးချ

ဖုံး
စပါးဖုံး
ပိတ်ဖုံးသည်
ဖုံးကွယ်
ဖုံးတုန်းလုံးတုန်း
ဖုံးထားသည်
ဖုံးပိတ်သည်
ဖုံးဖုံးဖိဖိ
ဖုံးဖွက် = စလောင်းဖုံး
ဖုံးမသိန်ပင်
ဖုံးလျက်ရှိသည်
ဖုံးလျက်နေသည်
ဖုံးလွှမ်းပိတ်ဖုံး
ဖုံးဝှက်
ဖုံးအုပ်သည်
မခင်ဖုံး
မိုးဖုံး
မီးဖုံး
မပေါ်အောင်ဖုံး
ယွန်းပြည်မိုင်းဖုံး
မြို့ဆင်ခြေဖုံး
ရင္ဖံုးအက်ႌ
လံုစြာဖံုး
သြားဖံုး
အက်ႌရင္ဖံုး
အခြံဖံုး
အေရာင္ဖံုး
ဆေးငဖုံးပင်
မြေထဲမြို့
နှုတ်ဖျားတာဖုံး

ဖုန်း
ဖုန်းငရဲ = ငရဲဘေးသင့်သည်
ဖုန်းစား = ဖုန်းတောင်း = တောင်းစားသူ
ဖုန်းစားခွက်
ဖုန်းဆိုး = ရွာကုန်း လယမြေယာအဟောင်း
ဖုန်းဆိုးထသည်
ဖုန်းဆိုးကြံပင်
ဖုန်းဆိုးရွာပျက်
ဖုန်းဆိုးတော
ဖုန်းဖုန်းကျသည် (စာမေးပွဲ)
ဖုန်းဖုန်းပစ်ချ
ဖုန်းတောင်းယားစကာ (တောင်းစားသူ)
သူဖုန်းစား (တောင်းစားသူ)

ဘုန်း
ဘုန်းညွန့်မပွါး = ကောင်းမှုကုသိုလ်မပွါး (ပျို့)
ဘုန်းတန်ခိုး
ဘုန်းကြီးသောသူ
ဘုန်းသမ္ဘာ
ဘုန်းတော်ကြီး
ဘုန်းတော်ဘွဲ့
ဘုန်းတော်ရှိန်

ဘုန်းတော်တောက်ရွှန်း ဘုန်းတော်ထွန်း၍ ဘုန်းပန်းပွင့်လှိုင် ဘုန်းနံ့ကြိုင်က ဘုန်းပြိုင်မထင် ဘုန်းထွတ်တင်ကား ဘုန်းရှင်သမ္ဘာ ဘုန်းစကြာမြင့် ဘုန်းအာနုဘော် ဘုန်းမြတ်ကျော်သည် ဘုန်းတော်ကြီးလှ ဘုန်းကြောင့်သော (ရှင်မဟာရဋ္ဌသာရ)

ဘုံး
ဘုံးပတီး = အပေါ်တင်ပုဆိုး

တယ်လီဖုန်းဖြစ်ဖြစ် တယ်လီဖုံးဖြစ်ဖြစ် မမှားပါ။ အင်္ဂလိပ်စာလုံးကနေ ယူထားတာ။ ဘုန်းတန်ခိုးမရှိတဲ့ ဖုန်းကြီးပုံတွေကို ဖုံးမထားကြပဲ ဖုန်းကနေပို့နေကြတယ်။ (အဲဒီပုံတွေတော့ လာမတင်ကြပါနဲ့၊ ဖျက်ပါမယ်။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး