ပက် ပတ် သက် သပ်

၁။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။

အအေးပတ်လို့ ရေးရတယ်။

၂။ ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ

ပတ်သက်လို့သာရေးရတယ်။

၃။ ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလည်ဆရာ။

စမ်းသပ်လို့သာ ရေးရတယ်။

၎။ ပါတ်နဲ့ ပတ်ရဲ့ အသုံးကိုလည်း တိတိကျကျသိချင်လှပါတယ်။

ပက်
ပက္ခဒိန် (ပြက္ခဒိန်)
ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်)
ပက်ကား = ညွှန်အိုင်
ပက်ကျိ
ပက်ခွန့် (လှေ)
ပက်စက်သည်
ပက်ပင်းတိုးသည်း
ပက်ပည် = ရင်ဆိုင်တည့်တည့်
ပက်ဖျန်းသည်
ပက်ပြဲ
ပက်လက်လန်
မှောက်ခုံပက်လက်

ပတ်
ခုနစ်ရက်တပတ်
တစ်နှစ်ပတ်လုံး
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တမြား
ပတ္တလား
ပတ္တာ (တံခါး)
ပတ္တာခံ
ပတ္တာမြေ
ပတ္တူစ
ပတ္ထနာဆုတောင်း
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ်
ပတ်ခြံ
ပတ်မကြီး
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်ဝန်းကျင်
ပတ်သက်
ပတ်ခြောက်က
ပတ်မြှောင်
ပတ်
ကမ္ပတ်အိမ်၊
ခရုပတ်၊
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
ငါးကြီးအန်ပတ်၊
စီကာပတ်ကုံး၊
ညစ်ပတ်၊
တံခါးပတ္တာ၊
တသက်ပတ်လုံး၊
တာလပတ်၊
တနှစ်ပတ်လုံး၊
ပဋ္ဋိပတ်၊
ပတ္တမြား၊
ပတ္တလား၊
ပတ္တရောင်လှည့်၊
ပတ္ထနာဆုတောင်း၊
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်၊
ပတ်စာခွာဖျာသိမ်း၊
ပတ်တီးစည်း၊
ပတ်တုတ်၊
ပတ်ပတ်နပ်နပ်၊
ပတ်ပတ်လည်၊
ပတ်ပျိုးသီချင်း၊
ပတ်ကြမ်းတုတ်၊
ပတ်ခြံ၊
ပတ်မကြီး၊
ပတ်ရံ၊
ပတ်ရစ်၊
ပတ်လည်၊
ပတ်လမ်း၊
ပတ်လွှမ်း၊
ပတ်ဝန်းကျင်၊
ပတ်သက်၊
ပတ်မြှောင်၊
ကြိုးနဲ့ပတ်၊
ရင်ပတ်၊
ရိုင်ပတ်ဖျာ၊
ရုပ်ပတ်၊
လုံးပတ်ပင်စည်၊
လည်ပတ်ပုဝါ၊
သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
သမာပတ်၊
အနားပတ်၊
အပတ်တကုတ်၊
အာပတ်၊
အကြောင်းဗျုပ္ပတ်၊
ဥပပတ်၊
ကွေ့လည်ကြောင်ပတ်၊
ထောပတ်၊
လျောက်ပတ်တင့်တယ်၊
ဝေ့လည်ကြောင်ပတ်၊

ပါတ်
ဇာတ်နိပါတ်တော်၊
တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)။
နိပါတ်ပုဒ်၊
ပဋိပါတ် (ဋ္ဋကို အတိုနဲ့ရေးတာဖြစ်၊ ကီးဘုတ်မှာရှာမရ)၊
ပါဏာတိပါတ်၊
ပိဏ္ဍပါတ်၊
သန္နိပါတ်၊
(အွန်လိုင်းသတ်ပုံကျမ်းမှာ ပါတ် တခုမှထည့်မထားပါ။)

သက်
ခုနှစ်သက္ကရာဇ်၊
ချစ်တဲ့သက်နှံ၊
ချစ်ဖက်သက်လျာ၊
သက္ကတဘာသာ၊
သက္ကလတ်စောင်၊
သက်ကျားအို၊
သက်စွန့်ကြိုးပမ်း၊
သက်ဆိုင်သူ။
သက်ဆိုးရှည်၊
သက်တံ့ရောင်၊
သက်တမ်းရှည်၊
သက်ကြီးခေါင်းချအချိန်၊
သက်ရင်းကြီးပင်၊
သက်လုံကောင်း၊
သက်သတ်လွတ်စား၊
သက်သာချောင်ချိရေး၊
သက်ဦးဆံပိုင်စနစ်။
သက်ရောက်မှု၊
သက်သေပြ၊
သက်သောင့်သက်သာ၊
အသက်၊

သပ်
ပွတ်သပ်၊
သပ္ပာယဖြစ်၊
သပ္ပာယ်၊
သပ်ရပ်။
သပ်လျှို၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး