ရုပ်ပုံ နှင့် သတ်ပုံ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆို ကန့်ကွက်သူမရှိသဖြင့် လက်ခံဆွေးနွေးမည်ဆိုတဲ့သတင်းထွက်လာတယ်။ အဆိုတင်သွင်းသူက မြိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းလို့လည်း ဖတ်ရတယ်။


အခုနေပြည်တော်ကို မရောက်ဖူးပါ။ စိတ်ကတော့ ၁၉၉ဝ ကိုစိတ်ပြန်ရောက်တယ်။ ကိုအောင်ခင်ဝင်းကို ၁၉၉ဝ က အတူဆုံခဲ့တာ အမှတ်ရတယ်။ ကျွန်တော့်ထက်ငယ်တယ်။ ၁၉၉ဝ ကာလတွေမှာ ပုလဲမြို့နဲ့ဆက်စပ်နေတဲ့ ယင်းမာပင်၊ ဆားလင်းကြီး၊ မြိုင်နဲ့ ဂန့်ဂေါနယ်တွေပါရောက်ခဲ့ပါတယ်။ ရေစကြို နဲ့ ပခုက္ကူလည်းရောက်တယ်။ချင်းတွင်းအရှေ့ဖက်ကလည်း မုံရွာနဲ့ ဘုတလင်နယ်တွေပါ ရောက်တယ်။

မြိုင်နယ်ကခေါင်တယ်၊ တောကျတယ်လို့ပြောရင် မြိုင်သားတွေက စိတ်မဆိုးလောက်ပါ။ နိုင်ငံရေးမိတ်ဆွေတွေရှိတယ်။ ကျန်းမာရေးမိတ်ဆွေတွေရှိတယ်။ ဖေ့စ်ဘွတ် ဖရင်းတွေရှိတယ်။ နာမည်တွေမထည့်တော့ပါ၊ အဲဒီနယ်တွေက အထင်ကရ စာရေးဆရာ ကဗျာဆရာတွေထွက်တယ်။

ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပြန်ဖြစ်လာ မလာတော့ မသိနိုင်ပါ။ ဖြစ်ရင်ကောင်းတယ်။ ငွေစက္ကူပေါ်က သတ်ပုံမှန်ရင် ပိုကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး