ဧရာဝတီ

ပို့စ်တခု တွေ့တယ်။ မန္တလေးမြို့တွင် စတု့က္ထအကြိမ်မြောက် အေရာဝတီစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါမည်တဲ့။

စာပေပွဲသတင်းမှာ သတ်ပုံကို အဲလိုရေးထားလို့ မျက်လုံးပြူးမိတယ်။ အလွယ်ရေးမိတာ ဖြစ်နိုင်တယ်။ မန္တလေးကိုတော့ ကြိုးစားရေးထားတယ်။ ကောင်းတယ်။ ချင်းတွင်းကိုပါ ခြင်းဒွင်းလုပ်မလာကြကောင်းပါရဲ့လို့ စိုးရိမ်စိတ်ပါဖြစ်လာတယ်။ ဖေ့စ်ဘွတ်ကြောင့် စာပျက်ရတယ်။

မြန်မာစာ ဧရာဝတီမြစ်ရေနဲ့အတူသာ ရှင်သန် မှန်မှန် စီးဆင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး