တည်း နှင့် သည်း

ကျေးဇူးပြု၍ သတ်ပုံအမှန်ပြင်ပေးပါဦးဆရာ။ ဘုံကထိန်ပွဲ ခြိမ့်ခြိမ့်သဲသဲဆင်နွှဲနေစဉ် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ကထိန်ပွဲလာသူများမှာ နီးရာတည်းခိုဆောင်သို့သွားရောက်ပြီး ကြပ်ကြပ်သည်းသည်း တည်းခိုခဲ့ကြရသည်ဆရာ။

ခြိမ့်ခြိမ့်သဲသဲက မှန်ပါတယ်။ ကြပ်ကြပ်တည်းတည်းလို့ရေးမှသာ မှန်မယ်။

တည်း
ကျပ်တည်းကျဉ်းမြောင်း
ချည်နှောင်တည်း
ချုပ်တည်းပါ
စာတည်းဖြတ်သည်
တချက်တည်း
တည်းခိုခန်း
တည်းခိုသည်
တည်းတည်းရင်းရင်း
တည်းဖြဋ် = တည်းဖြတ်
တည်းလည်းတန်းလန်း
တသမတ်တည်း
တယောက်တည်း
ဖြစ်လေသတည်း
သူတည်းတယောက်

သည်း
ကသည်းလူမျိုး
စွန်မလက်သည်း
ဖိနပ်သည်းကြိုး
မိုးသည်း
မိုးသည်းထန်
သည်းခံပါ
သည်းချာ
သည်းညည်းခံပါ
သည်းညှာ
သည်းထန်စွာ
သည်းထန်သည်
သည်းပွတ်
သည်းအူနှလုံး
သည်းခြေ
သည်းခြေရောဂါ
သိပ်သိပ်သည်းသည်း
အသည်းအသန်

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး