Champion စာလုံးမွေးခြင်း

ဆရာ ကျနော်သိတာကမှားရင်လဲ ခွင့်လွှတ်ပါဆရာ။ ချန်ပီယံ လို့ ယပက်လက်သေးသေးတင်ရေးရလားလို့ပါဆရာ။ ဆရာ့ကိုလေးစားလျှက်။

ဘာသာခြားစာလုံးတွေကနေယူထားတာမှာ မြန်မာလို စံကိုသတ်ပုံမရှိပါ။ အသံထွက်နီးစပ်တာသာ ယူကြရတယ်။ တယောက်တမျိုးလို ရေးကြတယ်။ ဒါပေမယ့် မသင့်တာလေးတွေရှိတယ်။ ဥပမာ

ချန်ပီယံ၊ ချံပီယံ၊ ချန်ပီယန်၊ ချံပီယန် ရေးလို့ရတယ်။ ချမ်ပီယမ်၊ ခြမ်ပီယမ်ဆို မမှန်။ အတိအကျဆိုရင် ချမ်ပီယန်၊ ချမ်ပီယံ ကသာ မှန်မယ်။

အာထွာဆောင်းကို အာထွာစောင်းလို့ရေးရင် မမှန်။ ဆူပါမားက်ကို စူပါမားကက်ဆို မမှန်။ ဆူပါမင်းကို စူပါမင်းဆို မမှန်။ တီဘီကို တီဗွီဆို မမှန်။ ကင်ဆာကို ကင်စာဆို မမှန်။

အမည်ကို အင်္ဂလိပ်အသံထွက် နိမ်းလို့ရေးမှ ထွက်မှ မှန်တယ်။ နိန်းဆို မမှန်။ ဟင်ဒီစကားဖြစ်သွားမယ်။ လာသည် လာပါကို အင်္ဂလိပ်အသံထွက် ကမ်းလို့ ရေးမှ ထွက်မှ မှန်တယ်။ ကန်းဆို မှားပြီ။

ကွန်ပြူတာလို့ ပြောကြ ရေးကြပေမယ့် အမှန်က ကွမ်ပြူတာ၊ ကွမ်ပျူတာသံထွက်ရတယ်။

အိန္ဒိယ၊ ပါကစ္စတန် ကမ္ဘောဒီးယား စသဖြင့်အစဉ်အဆက်ရေးကြပေမယ့် အဆင့်တွေမပါဘဲရေးတာကို မှားတယ်ပြောမရပါ။

အင်္ဂလိပ်လို့ အားလုံးကရေးကြပေမယ့် ယုဒသန်က အင်္ဂလိတ်လို့ပြန်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး