Cockroach ပိုးဟပ်ဆေး

ဒေါက်တာရှင် ဒီနေ့ cockroach  အကြောင်းတင်တာတွေ့လို့ ကျမတို့ လက်တွေ့ အစအနမကျန်ပျောက်တဲ့ဆေးဘူးလေး ပြလိုက်တာပါ။ အရင် apartment မှာနေတုန်းက လစဉ် ပိုးဟပ်သတ်ဆေးဖိုး ၄၀, ၅၀ အမြဲကုန်တာ နှစ်ချီတယ်။ နှခေါင်းမအုပ်မိပဲ ဆေးဖျန်းရင် ရင်ကျပ်ရောပဲ။ ဒီဆေးနဲ့လည်းတွေ့ရော ကျမတို့အိမ်အပြင် ဘေးအခန်းကပ်လျက်ပါ ပိုးဟပ်ပျောက်ကုန်လို့ အရမ်းဝမ်းသာခဲ့ရတယ်။ အချို့မိတ်ဆွေတွေလည်း ဒီဆေးမှုံ့နဲ့ပျောက်ကုန်ကြတယ်။

ကျေးဇူး။ ပို့စ်တခုအဖြစ် တင်လိုက်မယ်။ ကွန်မင့်မှာ ရေးလာတာတွေလည်းရှိတယ်။

1. ဘီယာဗူးခွန်ကို ကုန်အောင်မသောက်ဘဲ နည်းနည်းချန် ဘူးခွန်အတွင်းဘက်ကို ဆီးသုတ်ပြီး ပိုးဟပ် အလာများတဲ့ နေရမှာ ချထားကြည့်ပါ၊
2. တာမွေ Ocean မှာပိုးဟပ်မလာတဲ့ဆေးရှိတယ် အညွှန်းပါတယ် ကောင်းတယ်
3. တရုပ်ကလာတဲ့ပိုးဟပ်ခြစ်တဲ့ မြေဖြူခဲဝယ်ပြီး နံရံမှာခြစ်ထားရင် နံနက်ရောက်ရင် အသေလိုက် အများကြီး ထွက်လာတယ်
4. အမုန်းဆုံးအကောင်တွေဘဲ ပရုပ်လုံးထည့်ထားရင်မလာကြဘူး

ဒေါက်တာတင့်ဆွေ
၂၇၁ဝ၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး