My Schools ပြိုင်ပွဲမဝင်ကျောင်း

ကျောင်းတွေ ဆောင်ပုဒ်ကိုယ်စီနဲ့ အပြိုင်အဆိုင်တင်ကြတာ ဖတ်ရတယ်။ အကုန်လုံးကောင်းတယ်။ အကောင်းပြိုင်တာကို အားပေးတယ်။

ကျွန်တော်က ကျောင်းခဏခဏမပြောင်းရတဲ့ကျောင်းသား။ လေးတန်းအထိ မုံရွာ ထန်းလေးပင်မူလတန်းကျောင်း။ ၅ တန်းကနေ ၁ဝ တန်းအထိ မုံရွာ အထက (၂) နဲ့ မန္တလေးဆေးကျောင်း။ စုစုပေါင်းမှ သုံးကျောင်းသာ။

အထက ၂ ကို စတိတ်တူးလို့ခေါ်တယ်။ စတိတ်တူး ထိပ်ဖူး၊ စတိတ်ဝမ်း ပုလိပ်ဖမ်းလို့ အော်ကြတယ်။ စတိတ်တူး မနိပ်ဖူးလို့ ပြန်အော်ခံရတယ်။

ဆေးကျောင်းချင်းလည်းပြိုင်တယ်။ ရန်ကုန်ဆေးကျောင်းက ကျောင်းသားများလို့ ခန္ဓာဗေဒမှာ အလောင်းတလောင်းကို ကျောင်းသားအများကြီးခွဲရတယ်လို့ အလောင်းပြိုင်ခဲ့ကြတယ်။

ကျွန်တော်တို့ခေတ်မှာ စိတ်ကူးယဉ်စရာတွေ အချောအလှတွေမပြိုင်ခဲ့ကြပါ။ ပညာရည်မှာတော့ ကျိတ်ပြီးကြိုးစားကြတယ်။

ကျောင်းသားတွေရဲ့ ဖြူစင်လှတဲ့ပြိုင်ဆိုင်မှု စလိုဂင်လေးတွေက ချစ်စရာကောင်းတယ်။ အပြစ်ကင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး