Painting ပန်းချီကား

- ကနေ့ နေ့ခင်းလောက်မှာ မိုးလေးဖွဲဖွဲရွာတယ်၊
- အပြင်မှာ အရောင်စိုပြီး စုံလှတဲ့ ပန်းချီကားကိုကြည့်ရတယ်၊
- အရင်က အစိမ်းတရောင်သာရှိခဲ့တဲ့ သစ်ပင်တွေဟာ အဝါ၊ လိမ်မော်ဝါ၊ ဝါညို၊
- မိုးကလည်းစိုစို၊ တကယ့်ကို ရေဆေးရှုခင်းကားလို၊
- နီညိုနဲ့ အနီဟာ၊ လိုက်ဖက်ညီပါတယ်။

- မြန်မာပြည်မှာ ပင်နီနဲ့ အနီ လိုက်ဖက်ညီတယ်၊
- လူတွေလည်း ညီတယ်၊ စည်တယ်၊
- မြည်တယ်၊ တည်တယ်၊ နီတယ်၊
- အဲတာ မပြီးသေးသော ပန်းချီကားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၅
၂၄-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး